
#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (9.7.21)
=================================
- လတ်တလော နိုင်ငံတကာတွင် လေ့လာမှုများအရ မတူညီကွဲပြားသော ကာကွယ်ဆေးနှစ်မျိုးကို နှစ်ကြိမ် (ပထမအကြိမ်တွင် တစ်မျိုး၊ ဒုတိယအကြိမ်တွင် နောက်တစ်မျိုး) ထိုးပြီးနောက် အခြားကာကွယ်ဆေးတစ်မျိုးဖြင့် ထပ်မံအားဖြည့်ထိုးပါက ခုခံအားပမာဏ ပိုမိုရရှိကြောင်း တွေ့ရှိထားရပါတယ်။
- သို့သော် လေ့လာဆဲ အခြေအနေတွင်ပင် ရှိနေပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ထိုကဲ့သို့ ကာကွယ်ဆေးထိုးရန် အကြံပြုထားခြင်း မရှိသေးပါ။
- ပြင်းထန်သော ကိုဗစ်ရောဂါမှ #ကာကွယ်နိုင်စွမ်း_၉၃.၄_ရာခိုင်နှုန်းရှိပါတယ်။ ပထမအကြိမ် ဆေးထိုးပြီး ၂၈ ရက် အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမှာ ဖြစ်ပါတယ်။
- Covaxin ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းခွင့်ပြုချက်ပေးရန်စိစစ်နေဆဲ ဖြစ်ပါသည်။
- ပြင်းထန်သော ကိုဗစ်ရောဂါမှ #ကာကွယ်နိုင်စွမ်း_၉၂_ရာခိုင်နှုန်းရှိပါတယ်။ပထမအကြိမ် ဆေးထိုးပြီး ၂၈ ရက်မှ ၄၂ ရက်အတွင်းတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမှာ ဖြစ်ပါတယ်။
- Covishield ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းခွင့်ပြုချက်ထုတ်ပေးပြီး ဖြစ်ပါတယ်။
- ၎င်းဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းခွင့်ပြုချက်မကြာသေးမီကထုတ်ပေးထားခြင်း ဖြစ်ပါတယ်။
- ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ အပိုင်း(၁) LINK မှ မေးခွန်း နံပါတ် ၁ ကို ဖတ်ပေးပါ။
- ကာကွယ်ဆေးများမှာ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ အတိုင်းအတာတစ်ခုထိ ကာကွယ်စေနိုင်သော်လည်း ရောဂါလုံးဝမကူးစက်အောင် ကာကွယ်နိုင်ခြင်း မရှိသဖြင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း လမ်းညွှန်ချက်များဖြစ်သည့် မဖြစ်မနေ နှာခေါင်းပါးစပ်စည်း တပ်ခြင်း၊ ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းတို့ကို ဆက်လက် လိုက်နာသွားရန်မှာ လိုအပ်ပါသည်။
- အထက်တွင် ဖော်ပြခဲ့ပြီးသော မေးခွန်း နံပါတ် ၄ အဖြေကို ပြန်ရည်ညွှန်းပါသည်။
- ကာကွယ်ဆေးထိုးခြင်းဆိုသည်မှာ ခန္ဓာကိုယ်ထဲ ရောဂါပိုးမဝင်ရောက်ခင် ထိုရောဂါပိုးကို ခန္ဓာကိုယ်မှ ဦးစွာမှတ်မိအောင် ပြုလုပ်ပေးပြီး ကိုယ်ခံအားစနစ်မှ ပဋိဇီဝပစ္စည်း (antibody) ကို အရန်သင့် ထုတ်ထားပေးနိုင်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။
- နောင်တစ်ချိန် ရောဂါပိုးနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် ရှိပြီးသား antibody တို့က ရောဂါပိုး မဝင်ရောက်နိုင်အောင် တိုက်ထုတ်ကာ ရောဂါကာကွယ်စေပါသည်။
- အချိန်အတိအကျ ပြော၍ မရနိုင်သေးပါ၊ ကျေးဇူးပြု၍ ဆက်လက် စောင့်ဆိုင်းပေးပါ။
