#Lambda_မျိုးစိတ်အသစ်အကြောင်း_သိကောင်းစရာ


 

#Lambda_မျိုးစိတ်အသစ်အကြောင်း_သိကောင်းစရာ 


Lambda မျိုးစိတ်ဟာ ကယ်လီဖိုးနီးယားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီမျိုးစိတ်က ပိုကူးစက်နိုင်ပြီး မူလကိုဗစ်ပိုးထက်

ကာကွယ် ဆေးတွေကို ခုခံနိုင်တယ်လို့ ပြောနေကြပါတယ်။ ဒါပေမဲ့ အခုထိတော့ သက်သေအထောက်အထားမရှိသေး

ပါဘူး။ 


➡️Lambda မျိုးစိတ်ဆိုတာဘာလဲ????


Lambda မျိုးစိတ်ဟာ လွန်ခဲ့တဲ့တစ်နှစ်က ပီရူးမှာ ပထမဆုံး တွေ့ရှိခဲ့တာပါ။ အခုဆိုရင် တောင်အာဖရိကမှာပါ ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။


သူကတော့ ထူးခြားတဲ့ မျိုးစိတ်တစ်မျိုးလို့ ပြောကြပါတယ်။ လေ့လာမှုတွေ လုပ်နေကြဆဲဖြစ်ပေမယ့် မူလဗိုင်းရပ်စ်ထက် ကူးစက်မြန်ပြီး လက်ရှိကာကွယ်ဆေးများကို ခုခံနိုင်လိမ့်

မယ်လို့ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကတော့ ဒီမျိုးစိတ်ကို စိတ်ဝင်စားစရာမျိုးစိတ်တစ်ခုအဖြစ် ဖော်ပြထားပါတယ်။ 


လက်ရှိပြန့်ပွားနေသည့် ဒယ်တာဗိုင်းရပ်စ်ကိုတော့ စိုးရိမ်စရာမျိုးစိတ်အဖြစ် သတ်မှတ်ထားကြပြီးသားပါ။ 


➡️အခု ဘာကြောင့် Lambda မျိုးစိတ်အကြောင်း 

ထွက်ပေါ်လာရသလဲ???

ယခင်က ပီရူးအပါအဝင် နိုင်ငံပေါင်း (၂၉) နိုင်ငံမှာ 

ထိုမျိုးစိတ်ကို တွေ့ရှိခဲ့ရပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က စိတ်ဝင်စားစရာမျိုးစိတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။


ယခု ဇူလိုင်းနှောင်းပိုင်းမှာ ဟူစတန်ဆေးရုံမှာလည်း စတင်တွေ့ရှိပြီး ဂျပန်နိုင်ငံမှာလည်း တွေ့ရှိလာပါတယ်။ 


ဂျပန်သုတေသနပညာရှင်များကတော့ ဒီမျိုးစိတ်ကို အန္တရာယ်တစ်ခုအနေဖြင့် သတ်မှတ်ထားကြပါတယ်။ 


➡️Lambda မျိုးစိတ်ဟာ တခြားမျိုးစိတ်များနှင့် ယှဉ်လျှင် ဘယ်လိုရှိလဲ???


ဒီမျိုးစိတ်ဟာ Delta မျိုးစိတ်ထက် ကူးစက်နှုန်း ပိုနည်းနိုင်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်နေကြပါတယ်။


ဒါပေမဲ့ ကူးစက်မှုပုံစံ၊ ရောဂါလက္ခဏာများ၊ ကာကွယ်ဆေးအပေါ် ခုခံမှု စသည်တို့ကို မသိရသေးပါဘူး။ 


ချီလီသုတေသနပညာရှင်များက တရုတ်ကာကွယ်ဆေး Sinovac ထိုးထားသူများကို စမ်းသပ်ကြည့်ခဲ့ရာမှာ 

ဒီမျိုးစိတ်ဟာ ဒီကာကွယ်ဆေးနဲ့ မကာကွယ်နိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ 


နယူးယော့တက္ကသိုလ်က သုတေသနပညာရှင်များက စမ်းသပ်ကြည့်ရာ Johnson and Johnson ဆေးကလည်း အာနိသင်အနည်းငယ်လျော့နည်းနေတာကို တွေ့ရှိ

ခဲ့ရပါတယ်။ 


ကာကွယ်ဆေးများက အာနိသင်နည်းပါးသွားပေမဲ့ ရောဂါပြင်းထန်မှုမဖြစ်အောင်တော့ ကာကွယ်ပေးနိုင်ပါသေးတယ်။ 


ကယ်လီဖိုးနီးယားမှာ ဖြစ်ပေါ်နေသည့် ရောဂါပြင်းထန်

သူများနှင့် သေဆုံးသူများက ကာကွယ်ဆေးမထိုးထားသူများ ဖြစ်ကြပါတယ်။ 


➡️စိုးရိမ်စရာလိုသလား???

အခုထိတော့ စိုးရိမ်စရာမလိုသေးပါဘူး။ Delta မျိုးစိတ်ကတော့ တခြားမျိုးစိတ်တွေထက်ပိုပြီး စိုးရိမ်စရာကောင်းပါတယ်။ သူက ကမ္ဘာတစ်ဝှမ်းလုံးမှာ ကူးစက်မှုဖြစ်ပွားနေပြီး Lambda မျိုးစိတ်ကတော့ အများကြီး မကူးစက်သေးပါဘူး။


ဗိုင်းရပ်စ်များကို ကြိုတင်ကာကွယ်နိုင်စေဖို့ ကိုယ်ခံအား

ကောင်းမွန်အောင် လုပ်ဆောင်ကြပါ။

 

#Reference_Calmatters.org

#Translate_by_OSC_Hospital

#Health_tips

#OSC_Hospital

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.