
=================================
- ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတိုင်းဟာ သွေးတွင်းအောက်ဆီဂျင်ကျတာကို မခံစားကြရပါ။
- လေ့လာတွေ့ရှိချက်တွေအရ
- ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ခံစားရပါက ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်သည်ဟု သတိထားကာ အထူးဂရုပြု နေထိုင်ကြရပါမည်။
- ထို့ကြောင့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များဖြစ်သည့် မဖြစ်မနေ နှာခေါင်းပါးစပ်စည်း တပ်ခြင်း၊ ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းတို့ကို လုပ်ဆောင်ကြရပါမည်။
- လေ့လာချက်များအရ ကိုဗစ်ဖြစ်ပြီးပြန်လည်ကျန်းမာလာသူတစ်ယောက်တွင် ကိုယ်ခန္ဓာမှ ထုတ်သော ပဋိဇီဝပစ္စည်း (antibody) ကြောင့် အနည်းဆုံး ၃ - ၆ လအထိ နောက်တစ်ကြိမ် ကိုဗစ်ပြန်မဖြစ်အောင် ရောဂါကာကွယ်နိုင်စွမ်း ရှိသည်ဟု သိရပါသည်။ (ကိုဗစ်ဖြစ်ပြီးသူသည်လည်း mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေရပါမည်၊ မိမိတွင် ရောဂါကာကွယ်နိုင်စွမ်းရှိသည်ဟူ၍ ပေါ့ဆ၍ မရပါ)
- ကိုဗစ်ဖြစ်ပြီးသူမှာ နောက်တစ်ကြိမ် ကိုဗစ်ထပ်ဖြစ်တာ ယခုအချိန်အထိ အတွေ့ရနည်းသော်လည်း ကိုဗစ်ရောဂါပိုးမျိုးစိတ်ကွဲများစွာ ပေါ်ပေါက်လာနေသောကြောင့် မတူသော ကိုဗစ်ပိုးမျိုးစိတ် ကူးစက်ခံရပါက နောက်တစ်ကြိမ် ကိုဗစ်ထပ်ဖြစ်နိုင်ပါသေးသည်။ လက်ရှိအချိန်ထိ သုတေသနများပြုကာ လေ့လာနေကြဆဲ ဖြစ်ပါသည်။
- ဒုတိယအကြိမ် ကိုဗစ်ထပ်မံကူးစက်ခံရသော လူနာများကိုလည်း ကမ္ဘာ့ဒေသများ (ဟောင်ကောင်၊ အမေရိကန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ) တွင် တွေ့ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။
- Non-medical grade oxygen concentrator က oxygen concentration ကို 30% ကနေ 90% အထိ ပေးနိုင်ပါတယ်။ flow ကို 1 L/min ဖြင့်ပေးမှသာ oxygen concentration 90% ကိုရရှိမှာ ဖြစ်ပါတယ်။ flow တင်လေ oxygen concentration ကျလေ ဖြစ်မှာပါ။
- ထို့ကြောင့် oxygen ပမာဏ များများလိုသောလူနာတွင် medical grade oxygen concentrator ကို ပေးနိုင်မှသာ အကောင်းဆုံးပါ။
