ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန်

 

#ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန်
===============================
(ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော လူနာက နှာချေ၊ ချောင်းဆိုးရာမှ တဆင့် ရောဂါပိုးပါဝင်သော အစက်အမှုန်များ လွင့်ထွက်လာပြီး အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ကပ်တင်ကျန်နေနိုင်ပါသည်။ ထိုအစက်အမှုန်များကို ကိုင်တွယ်မိထားသော လက်ဖြင့် မိမိတို့၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ထိတွေ့ကိုင်တွယ်မိပါက ရောဂါ ကူးစက်ခံရနိုင်ပါသည်။)
ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန် -
>> လက်ဆေးပါ။ <<
• နှာချေ၊ ချောင်းဆိုးပြီးတိုင်း
• အပြင်မှ ပြန်လာပြီးတိုင်း
• နာမကျန်းဖြစ်နေသူများကို ပြုစုပြီးတိုင်း
• လူအများထိတွေ့လေ့ရှိသော အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း (တံခါးလက်ကိုင်၊ လှေကားလက်ရန်း စသည်)
• အစာမစားခင်၊ အစားအစာ ပြင်ဆင်ခြင်း/ချက်ပြုတ်ခြင်း မပြုမီ
• လက်ညစ်ပေနေလျှင်
• တိရစ္ဆာန်များနှင့် တိရစ္ဆာန်အညစ်အကြေးများကို ကိုင်တွယ်ပြီးတိုင်း
• အိမ်သာအသုံးပြုပြီးတိုင်း
ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ လက်ဆေးပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

(စေတနာဖြင့် ကိုဗစ်-၁၉ ဗဟုသုတစင်တာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.