
#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.7.21)
=================================
ဖြေ။ မရပါ။ ကာကွယ်ဆေးထိုးပြီး ရရှိနိုင်သည့် ခုခံအားအခြေအနေကို သိရှိနိုင်ရန် Antibody Test kit ဖြင့် တိုင်းတာခြင်းကို ကျွမ်းကျင်ပညာရှင်များက အကြံပြုထားခြင်း မရှိပါ။ ၎င်း Antibody Test kit များကို ယခင်က ကိုဗစ်ရောဂါ ဖြစ်ဖူးခြင်း ရှိ/မရှိအတွက်သာ အသုံးပြုလေ့ရှိပါတယ်။
ဖြေ။ လက်ရှိ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရစဥ်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးမိပါက လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်ရောဂါကူးစက်ခြင်းပေါ် ခန္ဓာကိုယ်မှ အပြည့်အဝ ခုခံနိုင်မှုမရှိခြင်း ဖြစ်စေနိုင်ပါတယ်။
- ထို့ပြင် ကိုဗစ်၏ ရောဂါလက္ခဏာများ ဖြစ်သည့် ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းစသည်တို့ကို ကာကွယ်ဆေးထိုးပြီးခါစသူများတွင်လည်း ခံစားရနိုင်သဖြင့် ကိုဗစ်ရောဂါကြောင့်ဖြစ်ပေါ်ခြင်းနှင့် ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်ခြင်းကြား ခွဲခြားမရနိုင်သည့် အခက်အခဲမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။
- အကယ်၍ မိမိ၌ ကိုဗစ်လက္ခဏာများ ခံစားနေခြင်းရှိပါက ကာကွယ်ဆေးထိုးရမည့် အကြံပြုချက်ကို https://www.facebook.com/ckcmohnugmm/posts/113457701006485 ပို့စ်တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
ဖြေ။ အချို့ကာကွယ်ဆေးများတွင် သွေးခဲစေသော ဖြစ်စဥ်အချို့ရှိကြောင်း လေ့လာမှုများအရ တွေ့ရပါတယ်။ ယူကေနိုင်ငံတွင် ပြုလုပ်သော သုတေသနအရ သန်း ၂၀ သော ကာကွယ်ဆေးထိုးသူများတွင် ၇၉ ယောက်မှာ သွေးခဲခြင်းများ ကြုံတွေ့ရပြီး ၎င်းတို့ထဲမှ ၁၉ ယောက် သေဆုံးခဲ့ကြောင်း တွေ့ရပါတယ်။
- ကာကွယ်ဆေးနှင့် မသက်ဆိုင်ဘဲ တားဆေးကဒ်သောက်သူ အမျိုးသမီးများ၌လည်း သွေးခဲခြင်း အန္တရာယ် အနည်းငယ်ရှိကြောင်း တွေ့ရပါတယ်။ တားဆေးကဒ်မသောက်သူ အမျိုးသမီးများ၌ သွေးခဲခြင်း ဖြစ်နိုင်ခြေမှာ အယောက် ၁၀,၀၀၀ တွင် ၂ ဦးခန့်ရှိပြီး တားဆေးကဒ်သောက်သူ အမျိုးသမီးများ၌မူ အယောက် ၁၀,၀၀၀ တွင် ၅ ဦးမှ ၁၀ ဦးခန့်ရှိကြောင်း တွေ့ရပါတယ်။ ၎င်းလေ့လာမှုများမှာ ကိုဗစ်-၁၉ ရောဂါတွင် တွေ့ရှိထားခြင်းများ မဟုတ်ပါ။
- ယေဘုယျအားဖြင့် တားဆေးကဒ်သောက်သုံးသူ အမျိုးသမီးများ၌ ကိုဗစ်ကာကွယ်ဆေး #ထိုးနှံနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက အကြံပြုထားပါတယ်။ သို့သော်လည်း တားဆေးကဒ်သောက်သုံးနေသူ အမျိုးသမီးများအနေဖြင့် ဆေးမထိုးမီ ကာကွယ်ဆေး၏ ဆိုးကျိုးနှင့် ကောင်းကျိုးကို ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်း အကြံပေးလိုပါတယ်။
ဖြေ။ Clopidogrel, Aspirin (Aspilet) ကဲ့သို့သော သွေးကျဲဆေးများ သောက်နေပါက ကာကွယ်ဆေးထိုးနိုင်ပါတယ်။
- Warfarin ကဲ့သို့သော သွေးကျဲဆေးများ သောက်နေပါက သွေးခဲခြင်းကို #ကောင်းမွန်စွာထိန်းချုပ်နိုင်သော အခြေအနေတွင် ရှိပါက ကာကွယ်ဆေးထိုးနိုင်ပါတယ်။
- ဆေးမထိုးမီ ထိုကဲ့သို့သော သွေးကျဲဆေးများ သောက်သုံးနေကြောင်းကို ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းကို ကြိုတင်ပြောကြားဖို့ လိုပါတယ်။
ဖြေ။ second dose (ကာကွယ်ဆေး ဒုတိယအကြိမ်) ထိုးနိုင်ပါတယ်။ အကယ်၍ မိမိ၌ ကိုဗစ်လက္ခဏာများ ခံစားနေခြင်းရှိပါက ကာကွယ်ဆေးထိုးရမည့် အကြံပြုချက်ကို https://www.facebook.com/ckcmohnugmm/posts/113457701006485 ပို့စ်တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
ဖြေ။ ကိုဗစ်ကာကွယ်ဆေးကို
- အသေးစိတ်ကို https://www.facebook.com/ckcmohnugmm/posts/114728104212778 တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
ဖြေ။ ကာကွယ်ဆေးအများစုမှာ ပြင်းထန်သော ကိုဗစ်ရောဂါမှ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ၎င်းကာကွယ်ဆေးများအကြောင်းကို https://www.facebook.com/ckcmohnugmm/posts/114728104212778 ၊ https://www.facebook.com/ckcmohnugmm/posts/113457701006485 နှင့် https://www.facebook.com/ckcmohnugmm/posts/110519997966922 တို့တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
ဖြေ။ Sinopharm အကြောင်းကို ကျေးဇူးပြု၍ https://www.facebook.com/ckcmohnugmm/posts/113457701006485 တွင် ဖတ်ပေးပါ။
- ကိုယ်ဝန်ဆောင်များအတွက် သုတေသနအချက်အလက်များ မရှိသေးသဖြင့် ကိုယ်ဝန်ဆောင်များကို ထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုး နှိုင်းဆ၍ ထိုးနှံရပါမယ်။ နို့တိုက်မိခင်များတွင် ထိုးနှံနိုင်ပါတယ်။
- ကာကွယ်ဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မထိုးရပါဘူး။ ကိုယ်ပူဖျားနာနေပါက မထိုးရပါ။ ကိုဗစ်ရောဂါပိုး လက်ရှိကူးစက်ခံနေရသူနှင့် ရောဂါလက္ခဏာရှိနေသူများ မထိုးရပါ။
- ၂ ပတ်မှ ၄ ပတ် ခြား၍ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံရပါမယ်။
- ဘရာဇီးနိုင်ငံတွင် ကနဦးစမ်းသပ်မှုအရ Sinovac ကိုဗစ်ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပြီးပါက ဒုတိယအကြိမ် ဆေးထိုးပြီး ၁၄ ရက်မှစတင်၍
- ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ နီရဲခြင်းနှင့်ရောင်ယမ်းခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ဝမ်းပျက်ခြင်းစသည်တို့ ခံစားရနိုင်ပါတယ်။ အများစုမှာ မပြင်းထန်ဘဲ ၂ ရက်ကျော်လျှင် သက်သာသွားလေ့ရှိကြောင်း တွေ့ရပါတယ်။
ဖြေ။ Vero Bio ဟု မခေါ်ဘဲ Sinopharm အမည်ဖြင့် တရုတ်နိုင်ငံမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ၎င်းဆေး၏ ကာကွယ်နိုင်စွမ်းကို
https://www.facebook.com/ckcmohnugmm/posts/114728104212778 တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
