
#ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (20.7.21)
=================================
ဖြေ - ယနေ့အထိ ကိုဗစ်သည် #ရေမှတစ်ဆင့်ကူးစက်သည်ဟုမတွေ့ရှိသေးပါ။ သို့သော် ရေကူးကန်၊ ရေကန်တို့တွင် လူထူထပ်နေပါက (သို့မဟုတ်) ကိုဗစ်ပိုးရှိသူနှင့် ရေကူးကန်၊ ရေကန်တို့တွင် #အနီးကပ်နေမိပါက လေထဲမှတစ်ဆင့် ကူးစက်နိုင်ပါသည်။
ဖြေ - Delta variant သည် လေထဲမှတစ်ဆင့် ၁၀ စက္ကန့်ခန့် စကားပြောရာမှ ကူးစက်နိုင်ခြေရှိသည်ဟု ဆိုသော်လည်း အတည်ပြုကြာချိန် မတွေ့ရှိသေးပါ။ သို့သော် Delta Variant သည် မူလကိုဗစ်ထက် ၂-၃ ဆ ပိုမိုကူးစက်လွယ်ပြီး အသက်ရှူလမ်းကြောင်းတွင် ပိုမိုပွားများနိုင်ကြောင်း တွေ့ရှိရသည်။
ဖြေ - တစ်အိမ်လုံး ကိုဗစ်ရှိ/ မရှိ #ဓာတ်ခွဲစစ်ဆေးပြီး၍ ကိုဗစ်ဖြစ်တာ သေချာပါက (positive test result) သီးခြား Isolation လုပ်စရာ မလိုဘဲ အတူစုပေါင်း၍ Isolation လုပ်နိုင်ပါသည်။ #သို့သော် mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ ပေခွာ နေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမည်။
- ထိုသို့မဟုတ်ဘဲ တစ်အိမ်လုံးသည် ကိုဗစ်ရှိ/ မရှိ #ဓာတ်ခွဲစစ်ဆေးထားခြင်းမရှိဘဲ ရောဂါလက္ခဏာအရသာ ကိုဗစ်သံသယရှိသူများ ဖြစ်ပါက ဖြစ်နိုင်လျှင် တစ်ဦးချင်း သီးခြား Isolation လုပ်ရပါမည်။
ခုမှ တစ်ပတ်ကျော်မို့ အဖိုးတို့ကို ဆက်ပြုစုနေရင်း ပြန်ကူးနိုင်ပါသေးသလား ရှင့်?
ဖြေ - ပြန်လည်ကူးစက်သည့် ဖြစ်စဉ်များ ရှိသော်လည်း ရှားပါသည်။ အဝတ်အစားများကို သေချာစွာ လျှော်ဖွတ်၍ ပြန်လည်ဝတ်ဆင်နိုင်ပါသည်။
ဖြေ - ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။
- ကိုဗစ်သည် #အစားအစာမှတစ်ဆင့်မကူးစက်နိုင်သောကြောင့် ကိုဗစ်ပြန်လည်သက်သာလာသောသူနှင့် ထမင်းတစ်ဝိုင်းတည်း စားသောက်လို့ ရပါသည်။
ဖြေ - ကမ္ဘာပေါ်တွင် ကိုဗစ် စဖြစ်စဉ်ကာလများ၌ A သွေးအုပ်စုသည် ကိုဗစ်ကူးစက်နိုင်ခြေများပြီး O သွေးအုပ်စုများသည် ကိုဗစ်ကူးစက်နိုင်ခြေနည်းသည်ဟု ဆိုသော်လည်း ယခုနောက်ဆုံးတွေ့ရှိချက်များအရ ကိုဗစ်ကူးစက်နိုင်ခြေသည် #သွေးအုပ်စုနှင့်မသက်ဆိုင်ကြောင်းတွေ့ရှိရသည်။
ဖြေ - ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်ပါတယ်၊ အနည်းဆုံး တစ်ပတ်မှ အချို့ပြင်းထန်လျှင် ၂ ပတ်ထိ ကူးစက်နိုင်ပါတယ်။ အလွန်ပြင်းထန်သော လူနာများတွင် ရက်ပေါင်း ၂၀ ထိ ကူးစက်နိုင်ပါသည်။
- ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။
- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့လိုအပ်ပါသည်။
ဖြေ -
- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့လိုအပ်ပါသည်။
ဖြေ - ကိုဗစ်သည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ သီချင်းဆိုခြင်း၊ စကားပြောခြင်းမှထွက်လာသော #အမှုန်အမွှားများမှတစ်ဆင့် ကူးစက်နိုင်ပါသည်။
- ထိုအမှုန်အမွှားများကျသွားသောမျက်နှာပြင်ကို #ကိုင်မိသောလက်ဖြင့် မိမိ၏ မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို ထိမိရာမှလည်း ကူးစက်နိုင်ပါသည်။
- ရောဂါရှိသူနှင့် #အနီးကပ် ၆ ပေအတွင်း အတူရှိနေရာမှလည်း ကူးစက်နိုင်သည်။
- ထို့ကြောင့် maskတပ်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ ၆ပေခွာနေခြင်း၊ လူထူထပ်သော နေရာများ အလုံပိတ်သော အဆောက်အဦများကို တတ်နိုင်သမျှ ရှောင်ခြင်းတို့ဖြင့် ကိုဗစ်ကူးစက်ခြင်းမှ ကာကွယ်ရန် လိုအပ်ပါသည်။
ဖြေ - ပြန်လည်ကူးစက်သည့် ဖြစ်စဉ်များ ရှိသော်လည်း ရှားပါသည်။
- လူနာသည် မိမိတစ်ဦးတည်းနေရန် အဆင်ပြေပါက #သီးသန့်ခွဲနေရန် အကြံပြုလိုပါသည်။ အဆင်မပြေပါက ပြုစုမည့်သူရော လူနာရော mask တပ်ရန်၊ လူနာကိုပြုစုပြီးတိုင်း အရာဝတ္ထုများကို ကိုင်ပြီးတိုင်း လက်ဆေးရန်၊ အတတ်နိုင်ဆုံး ၆ ပေခွာနေရန်၊ အခန်းအား လေဝင်လေထွက်ကောင်းအောင်လုပ်ရန် လိုအပ်ပါသည်။
ဖြေ - မြန်မာမှာ ဖြစ်နေသော Covid 19 က အယ်လ်ဖာ (Alpha) နဲ့ ဒယ်လ်တာ (Delta) ဆိုတဲ့ မျိုးစိတ်တွေပါ။ ဒယ်လ်တာ (Delta) မျိုးစိတ်ဟာဆိုရင် ကူးစက်မှုနှုန်းမြန်တဲ့ မျိုးစိတ်ကွဲတစ်ခုလည်း ဖြစ်တယ်။
- အခုအချိန်မှာဆိုရင် #ပိုးတွေ့နှုန်းဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီး 100 စစ်ရင် 37 ယောက်တွေ့တဲ့ အခြေအနေကို ရောက်ရှိလာတယ်။
- #သေဆုံးမှုနှုန်းအရ ပြောမယ်ဆိုရင်လည်း ရောဂါဖြစ်ပွားတဲ့ လူအရေအတွက်ရဲ့ 2.2 ရာခိုင်နှုန်းဟာ သေဆုံးနေတယ်လို့ ပြောလို့ရတယ်။ [စာရင်းများ အရ။ ပိုးမစစ်လိုက်ပဲ Covid သံသယနဲ့ သေဆုံးတဲ့ အရေအတွက်ကိုပါ ထည့်တွက်မယ်ဆို ပိုများလာနိုင်တယ်] သေဆုံးမှုဟာ အခုဆိုရင် တစ်နေ့ကို 280 လောက်ထိ သေဆုံးနေတယ်လို့ စာရင်းရှိ ဖော်ပြကြတယ်။ [စာရင်း မပါတာ မပါ]။
- သန်း 50 မှာ ကာကွယ်ဆေးထိုးထားတဲ့ အရေအတွက် first dose ရော second dose ရော ရတာက 1.2 သန်းလောက်ပဲ ရှိသေးတယ်။ coverage က #နည်းတယ် ပြောရမယ်။
- တကယ်က ဒီလိုအခြေအနေမှာ ကူးစက်မှု ကွင်းဆက်ကို ဖြတ်ရမယ့် ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ရမယ်။ လက်ဆေး၊ Mask တပ်၊ ခပ်ခွာခွာနေခြင်း၊ သီးသန့်ခွဲနေခြင်း အစရှိတာတွေကို သေချာလုပ်ရမယ်။
- ဒါပေမယ့် အခုအခြေအနေမှာက အဲ့လို လုပ်နေကြတာ မရှိဘူး။ Oxygen တန်းစီတဲ့ နေရာတွေမှာ ဆိုရင်လည်း Mask ကို #မေးချိတ်ထားတယ်။ အဲ့တော့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်နှုန်းက ရှိနေမှာပဲ။ ကူးစက်နှုန်းလည်း မြင့်လာမှာပဲ။
- သုံးပတ်အတွင်း 27 သန်းကူးဖို့၊ ကူးတဲ့ထဲက တစ်ဝက်သေဖို့ ဆိုတာကတော့ 'သုံးပတ်အတွင်း' ဆိုတဲ့စကားလုံးကတော့ နည်းနည်းစဥ်းစားစရာ ဖြစ်ပါတယ်။ [မြန်မာရဲ့ လက်ရှိ စာရင်း အရကတော့] ဘယ်လိုပဲ ဖြစ်ဖြစ် အခုအချိန်မှာ ကာကွယ်ရေးပစ္စည်း မလုံလောက်တာ၊ လူအင်အား မလုံလောက်တာ၊ ကျန်းမာရေး ကာကွယ်မှုလုပ်ငန်းတွေ၊ ကုသမှုလုပ်ငန်းတွေ အဆင်မပြေဖြစ်နေတာက သက်ရောက်မှု #အကြီးကြီးနဲ့ကိုရိုက်ခတ်နိုင်ပါတယ်။ 


ဖြေ - မည်သည့်ကာကွယ်ဆေးမှ ၁၀၀% ကာကွယ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ကိုဗစ်ပြန်လည်ကူးစက်နိုင်ပါသည်။
- သို့သော် ကာကွယ်ဆေးထိုးထားသူများတွင် ပြင်းထန်ကိုဗစ်ဖြစ်နိုင်မှု အလွန်နည်းပါသည်။ အများအားဖြင့် သာမန်ရောဂါလက္ခဏာများသာ ခံစားရတတ်သည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးနှုံပြီးလျှင်လည်း mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ ပေခွာနေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်ပါသည်။
ဖြေ - ကိုဗစ်ပိုးသည် #ချွေးမှတစ်ဆင့် မကူးစက်နိုင်ကြောင်းတွေ့ရှိရသည်။
