Mind Healers -စိတ်ခွန်အားပေးသူများ

 

ကိုဗစ် ကပ်ရောဂါဆိုးကြီးကြောင့် ခံစားရသော စိတ်ဖိစီးမှုသောကများ ပြေပျောက်လျော့ပါးစေရန် အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ Mind Healers -စိတ်ခွန်အားပေးသူများ စာမျက်နှာ (https://www.facebook.com/MindHealersMM/) က စိတ်လူမှုအထောက်အကူပြု နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
🕖ဝန်ဆောင်မှုပေးမည့် အချိန်များမှာ နေ့စဉ်
မနက် - ၇နာရီ မှ ၉နာရီ
ည - ၇နာရီ မှ ၉နာရီ
နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုရယူချင်သူများအနေဖြင့်
✍️(https://bit.ly/3Aai53J) တွင် ဖောင်ဖြည့်ကာ ချိန်းဆိုမှုပြုနိုင်ပါသည်။
✍️ဖောင်ဖြည့်ရန်အခက်အခဲရှိပါက https://www.facebook.com/MindHealersMM/ ၏ Page Messenger မှတဆင့် ဆက်သွယ်ချိန်းဆိုမှု ပြုနိုင်ပါသည်။
ဝန်ဆောင်မှုရယူသူများ​၏ လုံခြုံရေးအချက်အလက်များကို လျှို့ဝှက်ထားပေးမည် ဖြစ်သဖြင့် အကူအညီ လိုအပ်သူ မည်သူမဆို ဆက်သွယ်နိုင်ပါသည်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.