
#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (3.8.21)
=================================
ဖြေ။ RT-PCR test အား ကိုဗစ်စစ်ဆေးရာတွင် gold standard အဖြစ် သတ်မှတ်ထားပါသည်။ ရောဂါပိုးအားရှာဖွေတွေ့ရှိနိုင်စွမ်းမှာ #၉၅ရာခိုင်နှုန်းကျော် အထိရှိပါသည်။ Rapid antigen test kit ၏ ရောဂါရှာဖွေနိုင်စွမ်းမှာ လက္ခဏာ ပေါ်သူ များတွင် #၈၈ရာခိုင်နှုန်းအထိရှိပြီး လက္ခဏာမရှိသူများ တွင် /#၇၀ရာခိုင်နှုန်းအထိရှိပါသည်။ ထို စစ်ဆေးချက်နှစ်ခုစလုံးမှာ ကိုဗစ်မရှိလျှင် positive ဟု ပြရန် ရာခိုင်နှုန်း အလွန်နည်းပါးပါသည် ( High specificity - 99%)။
ဖြေ။ အောက်ဖော်ပြပါ ပို့စ်၏ မေးခွန်း နံပါတ် ၆ တွင် ဖတ်ရှုပေးပါ
……. ခင်ဗျ။
ဖြေ။ နှာခေါင်းတို့ဖတ် စစ်တာလား၊ သွေးစစ်တာလား သေချာမသိပါ။များသောအားဖြင့် နှာခေါင်းတို့ဖတ်နမူနာများသည် ထင်ထင်ရှားရှားပြတတ်ပါသည်။ သွေးနမူနာမှာမူ ရောဂါလက္ခဏာစတင်ချိန်မှစ၍ ရေတွက်လျှင် ရက်အလိုက် မှိန်ခြင်း ၊ထင်ရှားခြင်း ဖြစ်တတ်ပါသည်။
ဖြေ။ Rapid antigen test kit များသည် ဗိုင်းရပ်ပိုး ခန္ဓာကိုယ်ထဲတွင် ပွားများချိန်ဖြစ်သော လက္ခဏာ မပြမီ #၂ရက်မှစ၍၅ရက်မှ၇ရက်အတွင်း စစ်ဆေးပါကကိုဗစ် ပိုးရှိလျှင် test kit တွင် positive ပြနိုင်စွမ်း #ပိုမိုမြင့်မားနိုင်ကြောင်း လေ့လာမှုများအရ တွေ့ရှိရပါသည်။ ထို့ထက်ရက်ကျော်၍ စစ်ဆေးလျှင် Test kit မှ ရောဂါ ပိုးရှိသည်ဟု ပြနိုင်စွမ်း ပုံမှန်ထက် လျော့နည်းနိုင်ပါသည်။ လက္ခဏာပေါ်ပြီး negative ပြသူများတွင် PCR testဖြင့်အတည်ပြုစစ်ဆေးရပါမည်။
ရွာဘက်မှာ ပိုးတွေ့လူနာနဲ့ထိတွေ့သူကို ပထမအကြိမ်စစ်တော့Nထွက်ပါတယ် စစ်တဲ့လူက ထိတွေ့သူကိုရောဂါလက္ခဏာပြနိုင်သေးလို့ Qဝင်ဖို့မှာလိုက်ပါတယ်ရှင့်
သိချင်တာက Teat Kid တွေရဲ့Resultက ရောဂါလက္ခဏာ ပြမပြနဲ့ဆိုင်ပါသလားရှင့် နောက်ပြီး Test Kidတွေရဲ့ResultကViral loadနဲ့ရောသက်ဆိုင်ပါသလားရှင့်"
ဖြေ။ ပုံမှန်အားဖြင့် virus မျိုးပွားချိန် viral load များချိန်တွင် စစ်ဆေးခြင်းက အဖြေမှန်ပိုရစေပါသည်။ Rapid antigen test kit များမှာ virus ၏ antigen ကိုစစ်ဆေးခြင်းကြောင့်ဖြစ်ပါသည်။ Viral load မှာ ရောဂါလက္ခဏာ မပြမီ ၂ရက်မှစ၍ လက္ခဏာပြပြီး ၅ရက်အတွင်းတွင်အများဆုံးဖြစ်ပါသည်။ ထိစပ်လူနာများအား ထိတွေ့မှုဖြစ်ပီး ပထမအကြိမ်စစ်ဆေးသင့်ပါသည်။အကယ်၍ negative ပြပါကနှစ်ပတ်သီးသန့်နေထိုင်ပီးလက္ခဏာပြချိန် သို့မဟုတ် ၅ရက် မှ ၇ ရက်ခန့် အကြာ တွင်ပြန်လည်စစ်ဆေးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုဗစ်၏ ရောဂါပျိုးကာလမှာ နှစ်ပတ်ထိကြာနိုင်သောကြောင့်ဖြစ်ပါသည်။
