
=================================
>>> ဖြေ။ ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) ဟာ ဗိုင်းရပ်စ်ပိုး (Virus) တစ်မျိုးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေရဲ့ သဘောသဘာဝအရ စဉ်ဆက်မပြတ်ပြောင်းလဲနေတတ်တဲ့သဘော (Mutation) ရှိပြီး မျိုးကွဲ (New variant) တွေဖြစ်လာတတ်ပါတယ်။ အချို့သောမျိုးကွဲတွေဟာ လျင်မြန်စွာ ကူးစက်တတ်ခြင်း (သို့မဟုတ်) ရောဂါပြင်းထန်တတ်ခြင်းတို့ဖြစ်စေနိုင်တဲ့အတွက် အထူး အလေးထား ဂရုပြုဖို့ လိုအပ်ပါတယ် (Variant of Concern)။ အချို့မျိုးကွဲတွေမှာတော့ ထိုကဲ့သို့ဖြစ်စေနိုင်ခြင်း မရှိသေးသော်လည်း ဖြစ်လာနိုင်ဖွယ်ရှိတဲ့အတွက် ဆက်လက်လေ့လာ စောင့်ကြည့်ဖို့ လိုအပ်ပါတယ် (Variant of Interest)။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ကြေညာထားသော အထူးအလေးထား ဂရုပြုရမည့် ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) မှာ ယခုလက်ရှိအချိန်အထိ မျိုးကွဲ (၄) ခုသာ ရှိပါသေးတယ်။
တို့ဖြစ်ပါတယ်။
ဆက်လက်လေ့လာ စောင့်ကြည့်ရမယ့် မျိုးကွဲများ အနေနဲ့ကတော့ အောက်ပါတို့ကို သတ်မှတ်ထားပါတယ်။
Kappa မျိုးကွဲဟာ ၎င်းတို့ထဲမှ တစ်ခုသာဖြစ်ပါတယ်။ ရောဂါလက္ခဏာများမှာ Delta မျိုးကွဲနှင့် ကွာခြားမှု မရှိပါ။
>>> ဖြေ။ ကိုဗစ်-၁၉ရောဂါတွင် အနံ့ပျောက်ခြင်းနှင့်ပတ်သက်၍ အောက်ပါ link မှ မေးခွန်း No.8 ၏ အဖြေကို ကျေးဇူးပြု၍ ဖတ်ပေးပါ။
>>> ဖြေ။ အများအားဖြင့် ကလေးများမှာ လူကြီးများကဲ့သို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရနိုင်သော်လည်း ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနည်းပါတယ်။ အနည်းငယ်သော ကလေးအချို့တွင်တော့ ရောဂါလက္ခဏာများ ပြင်းထန်နိုင်ပါတယ်။ ကလေးအများစုမှာ ရောဂါလက္ခဏာ မပြကြဘဲ ရောဂါပိုးသယ်ဆောင်သူတွေ ဖြစ်နိုင်ကြပြီး အခြားသူများထံသို့ ရောဂါပိုးကူးစက်စေနိုင်ပါတယ်။ လက္ခဏာများမှာ လူကြီးများတွင် ခံစားရသော လက္ခဏာများနှင့် ယေဘုယျအားဖြင့် တူညီပါတယ်။ ရောဂါလက္ခဏာများကို https://www.facebook.com/ckcmohnugmm/posts/105050385180550 တွင် ဖတ်ပေးပါ။ ခံစားရသော ရောဂါလက္ခဏာများအလိုက် (ဥပမာ၊ အဖျားကြီးပါက ရေပတ်တိုက်ခြင်း၊ ပါရာစီတမော ဆေးတိုက်ခြင်း၊ နှာစေးပါက နှာစေးပျောက်ဆေးတိုက်ခြင်း စသည်) ကလေးအား ပြုစုစောင့်ရှောက်ရန် လိုပါတယ်။
အကယ်၍ အောက်ပါလက္ခဏာများ ခံစားရပါက ကျန်းမာရေးဝန်ထမ်းနှင့် အမြန်ဆုံးပြသရန် လိုပါတယ်။ ၎င်းတို့မှာ အသက်ရှုခက်ခဲခြင်း (ရင်ဘတ်ရှိ နံရိုးကြားနေရာများ ချိုင့်ဝင်ခြင်း၊ နှာခေါင်းဝ ကျယ်၍ အားစိုက်ရှူနေရခြင်း)၊ အလွန်အမင်း မှိန်းခြင်း၊ အသိစိတ်ကင်းမဲ့ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရေပြားများ ဖျော့တော့၍ အေးစက်နေခြင်း၊ မူးဝေခြင်း၊ အလွန်အမင်း ဗိုက်နာခြင်းတို့ ဖြစ်ပါတယ်။
>>> ဖြေ။ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများ ခံစားရခြင်းကို ကိုဗစ်ပိုး ထပ်မံကူးစက်ခံရသည်ဟု ထင်မြင်မိခြင်း ဖြစ်နိုင်သကဲသို့ မတူကွဲပြားသော ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများကို https://www.facebook.com/ckcmohnugmm/posts/120567246962197 မေးခွန်း နံပါတ် ၄ အဖြေကို ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။ အကယ်၍ ဗိုင်းရပ်မျိုးကွဲတစ်ခု ထပ်မံကူးစက်ခံရခြင်းဖြစ်ပါက ရောဂါပြင်းထန်မှုသည် Antibody ထွက်ပြီးသား ဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ ကိုယ်ခံအားအခြေအနေ၊ ရောဂါအခံရှိမရှိ၊ ဗိုင်းရပ်စ်မျိုးကွဲ၏ ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်မှု အတိုင်းအတာတို့ပေါ်တွင် မူတည်ပါလိမ့်မယ်။
>>> ဖြေ။ ကိုဗစ်ရောဂါတွင် ရောဂါလက္ခဏာခံစားရပုံများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ အနံ့ပျောက်ခြင်းနှင့် အောက်ဆီဂျင်ကျခြင်းတို့ ဆက်စပ်မှု ရှိမရှိနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များ မရှိသေးပါ။ သို့ရာတွင် လေ့လာမှုတချို့အရ အနံ့ပျောက်ခြင်း လက္ခဏာရှိသူ အများစုသည် ပြင်းထန်သော ရောဂါများ ခံစားရခြင်း #နည်းပါးကြောင်း တွေ့ရှိရပါတယ်။ သို့သော်လည်း ထိုသို့တထစ်ချ ကောက်ချက်ဆွဲရန်အတွက် သုတေသနအချက်အလက်များ ခိုင်ခိုင်မာမာ မရှိသေးပေ။
>>> ဖြေ။ ယခင်က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများသည် ကိုဗစ်ရောဂါကူးစက်ခံရပါက ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလေ့ရှိကြောင်း တွေ့ရပါတယ်။ ထိုသို့သော သူများတွင် ရောဂါဖြစ်ပွားပါက သာမန်လူများထက် အသက်ရှူကြပ်ခြင်း၊ မောခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်းစသည့် ရောဂါလက္ခဏာများကို ပိုမိုကြုံတွေ့ရနိုင်ပါတယ်။
>>> ဖြေ ။ ကိုဗစ်နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအနေနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားမှုများခြင်းတို့ ခံစားရနိုင်ပါတယ်။
