
#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (30.7.21)
#Isolation&Quarantine
=================================
- အဆင်သင့်ပေါင်းပြီး လာတဲ့ ကြက်ပေါင်းဘူး၊ ငှက်သိုက်များတွင် အာဟာရဓာတ်များ များစွာ ပါသည်မှာ မှန်ပါသည်။ သို့သော် အလားတူ အာဟာရများကို ကိုယ်တိုင်ပေါင်းသော ကြက်ပေါင်း၊ အရိုးပြုတ်ရည်နှင့် နေ့စဥ် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်နေသည့် ဟင်းလျာများမှ ရရှိနိုင်သည်ကိုလည်း သတိပြုရပါမည်။ #ဈေးတန်ဖိုးလည်းကြီးမားလှသောကြောင့် မလိုအပ်ဘဲ ဆေးအတွက် မလေးစေချင်ပါ။
- ထိုကြက်ပေါင်း၊ ငှက်သိုက်များကို လူနာအား တိုက်နိုင်သော်လည်း ထိုအရာများသည် ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေး၊ ကုသမှုတွင် သုံးသည့်ဆေးများကဲ့သို့ အားထားရမည့် အရာမဟုတ်ပါ။ လူနာအာဟာရအတွက် ထိုအရာများ #မဖြစ်မနေသောက်မှအားရှိမည်ဟူ၍မဟုတ်ပါ။
- ထို့အပြင် ငှက်သိုက်တွင် ပစ္စည်းမသန့်၍ မှိုကဲ့သို့သော အညစ်အကြေးများ စွဲကပ်နေနိုင်ခြင်း၊ အချို့သူများတွင် ငှက်သိုက်နှင့် ဓာတ်မတည့်မှုဖြစ်ခြင်းတို့ ရှိနိုင်သည်ကိုလည်း သတိချပ်စေလိုပါသည်။
- Surgical mask များသည် တစ်ခါသုံး mask (#DisposableMask) များသာ ဖြစ်ပါသည်။
၁. Mask မချွတ်ခင် ဆပ်ပြာနှင့်ရေ (သို့မဟုတ်) အနည်းဆုံး Alcohol 60% ပါသည့် ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ကို စနစ်တကျ ဦးစွာဆေးပါ။
၂. Mask ချွတ်သည့်အခါ အပြင်မျက်နှာပြင်ကို မထိမိစေဘဲ နားရွက်ချိတ်သည့် ကြိုးကိုသာ ကိုင်၍ ချွတ်ပါ။
၃. Mask ၄ ခုကို နံပါတ်စဥ် ၁ မှ ၄ တပ်၍ နံပါတ်စဥ်အတိုင်း ၄ ရက်တစ်ခါ လှည့်သုံးနိုင်ပါသည်။ သုံးပြီးသော mask ကို အခန်းအပူချိန်၌ သန့်ရှင်းသော နေရာတစ်ခုတွင် ခြောက်သွေ့၍ လေလုံသော စက္ကူအိတ် (သို့မဟုတ်) စာအိတ်ဖြင့် သိမ်းနိုင်ပါသည်။ (ပလတ်စတစ်အိတ်နှင့် သိမ်းပါက ရေငွေ့ရိုက် အစိုပြန်နိုင်သောကြောင့် မသိမ်းသင့်ပါ) (ယေဘုယျအားဖြင့် Mask ပေါ်ရှိ ကိုဗစ်ရောဂါပိုးအားလုံးသည် ၃ ရက် ကြာလျှင် သေပြီးဟု ယူဆသောကြောင့် ဤနည်းကို သုံးနိုင်ပါသည်။)
၄. နောက်တစ်နည်းအနေဖြင့် surgical mask ကို မုန့်ဖုတ်စက် (oven) တွင် အပူချိန် 70⁰C (158⁰F) ထားပြီး မိနစ် ၆၀ ကြာ အပူပေး၍ ပိုးသတ်နိုင်ပါသည်။ (သစ်သားတန်းတစ်ခုတွင် mask များချိတ်ဆွဲကာ အောက်ခံ မီးအပူပေးသည့် ကွိုင်နှင့် အနည်းဆုံး ၆ လက်မ အကွာထားရပါမည်)
၅. အားလုံးပြီးဆုံးသည့်အခါ စနစ်တကျ လက်ပြန်ဆေးဖို့ မမေ့ပါနှင့်။
၆. ပြန်သုံးသည့် mask များကို မိမိမှလွဲ၍ အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုရပါ။
၇. သိသာစွာ ပေါက်ပြဲ ပုံပျက်နေသည့် surgical mask များ၊ ညစ်ပေနေသည့် mask များကိုတော့ ပြန်လည်သုံးခြင်း #မပြုရပါ။
- ကလိုရင်းဖျန်းခြင်းကို မျက်နှာပြင်များ ပိုးသတ်သန့်စင်ရာတွင်သာ သုံးပါသည်။
- အိပ်ရာ၊ စောင်၊ ခြင်ထောင်နဲ့ အဝတ်အစားများကို ကလိုရင်းဖျန်းရုံဖြင့် ပိုးသတ်သန့်စင်ရာ မရောက်သည့်အပြင် မတော်တဆရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နိုင်သောကြောင့် #မလုပ်ရပါ။ ကလိုရင်းဆေးရည်ဖြင့် စိမ်ပြီး လျှော်၍သာ ပိုးသတ်သန့်စင်ရပါမည်။
- အဝတ်အစားများကို ကလိုရင်းဆေးရည်ဖြင့် စိမ်၍ ပိုးသတ်သန့်စင်ပုံကို ဤပိုစ့် မေးခွန်း ၄ တွင် အကျယ်တဝင့် ဖတ်ပေးပါ။
- နေအိမ်ပိုးသတ်သန့်ရှင်းပုံကို ဤပိုစ့် မေးခွန်း ၅ တွင် အသေးစိတ် ဖတ်ရှုပေးပါ။
- ပိုးတွေ့လူနာနှင့် နောက်ဆုံးထိတွေ့ခဲ့သည့် ရက်မှစ၍ ၁၄ ရက်တိုင် နေအိမ်တွင် quarantine ဝင်ရပါမည်။ ထိုသို့ သီးခြားခွဲနေစဥ်အတွင်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနံ့ပျောက်ခြင်းစသော ရောဂါလက္ခဏာများ ပေါ်လာမှု ရှိ/မရှိကို စောင့်ကြည့်ရပါမည်။
- အကယ်၍ ၁၄ ရက် သီးခြားခွဲနေစဥ် သော်လည်းကောင်း (သို့မဟုတ်) ၁၄ ရက် quarantine ပြီးဆုံးပြီးသည့်အချိန်၌ လည်းကောင်း မည်သည့်အချိန်တွင်မဆို ရောဂါလက္ခဏာတစ်ခုခု ပေါ်လာပါက နီးစပ်ရာ ဆရာဝန် (သို့မဟုတ်) ဆေးကုဌာနသို့ ဆက်သွယ်၍ ကုသမှု ခံယူရပါမည်။
- Quarantine ၁၄ ရက်ပြည့်သည်အထိ နေနိုင်သည့် အခြေအနေမရှိပါက ပိုးတွေ့လူနာနှင့် နောက်ဆုံးထိတွေ့ခဲ့သည့် ရက်မှစ၍ အနည်းဆုံးတော့ ၁၀ ရက်တိတိ သီးခြားခွဲနေရပါမည်။ (၁၄ ရက်နေနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်ပါသည်)
- ထိုသူများတွင်တော့ Covid test positive ထွက်ပြီးသည့်နေ့ (သို့မဟုတ်) ရောဂါလက္ခဏာစပြသည့်နေ့မှစ၍ (အနံ့ပျောက်သည်ဖြစ်စေ ဖျားသည်ဖြစ်စေ ရောဂါလက္ခဏာ အစောဆုံးပေါ်သည့်နေ့မှစ၍) အနည်းဆုံး ၁၀ ရက်ကြာသည်အထိ မိမိဘာသာ တစ်ယောက်တည်း သီးသန့်နေဖို့ လိုအပ်ပါသည်။ သာမန်ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။ (ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့ လိုပါသည်)
- ပြင်းထန်ရောဂါလက္ခဏာပြသူများ (သို့မဟုတ်) ကိုယ်ခံအားနိမ့်ကျနေသူများ (immunocompromised persons) တွင်တော့ ပို၍အချိန်ကြာကြာ isolation လုပ်ရန် လိုအပ်ပါသည်။ ထိုသူများတွင်တော့ Covid test positive ထွက်ပြီးသည့်နေ့ (သို့မဟုတ်) ရောဂါလက္ခဏာစပြသည့်နေ့မှစ၍ (အနံ့ပျောက်သည်ဖြစ်စေ ဖျားသည်ဖြစ်စေ ရောဂါလက္ခဏာ အစောဆုံးပေါ်သည့်နေ့မှစ၍) အနည်းဆုံး ရက် ၂၀ အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။ ထို့အပြင် isolation ရက်သတ်မှတ်ချက်သည် လူနာ၏ အခြေအနေ ပြင်းထန်မှုပေါ်မူတည်၍ ဆေးကုသပေးသူ ဆရာဝန်၏ အကြံပြုချက်ကိုလည်း လိုက်နာရပါမည်။
Ref:
https://www.cdc.gov/.../if-you-are-sick/quarantine.html (Updated Jul 29, 2021)
- ART ဆေးသောက်သည့် HIV ပိုးကူးစက်ခံရသူနှင့် chikungunya ခေါ် ဆင်တုပ်ကွေးဖြစ်သူတို့တွင် #ကိုဗစ်မဖြစ်နိုင်ဘူးဆိုသောအထောက်အထားမရှိပါ။
- ရောဂါအခြေအနေသဘာဝချင်းရော ကူးစက်သည့် ဗိုင်းရပ်စ်ပိုးအမျိုးအစားပါ ကွာခြားသည့်အတွက်ကြောင့် #မည်သူမဆို ကိုဗစ်ရောဂါကူးစက်မှု အန္တရာယ် ရှိနေနိုင်ပါသည်။
- နှစ်ဦးလုံး mask တပ်ထားသော်လည်း နီးနီးကပ်ကပ်ရှိနေသည့်အပြင် ပိုးတွေ့လူနာမှာ ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်သောကြောင့် ကူးစက်နိုင်ခြေ များပါသည်။
- အထက်ပါ မေးခွန်း ၄ ရှိအဖြေတွင် ဖော်ပြခဲ့သည့်အတိုင်း quarantine လုပ်ရန် #အလွန်အရေးကြီးပါသည်။
