
#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (23.7.21)
=================================
- N 95, KN 95 mask များကို အောက်ပါနည်း ၄ ခုဖြင့် ပိုးသတ်သန့်စင်၍ ပြန်လည်အသုံးပြုနိုင်ပါသည်။
- Mask ၄ ခုကို နံပါတ်စဥ် ၁ မှ ၄ တပ်၍ နံပါတ်စဥ်အတိုင်း ၄ ရက်တစ်ခါ လှည့်သုံးနိုင်ပါသည်။
- သုံးပြီးသော mask ကို အခန်းအပူချိန်တွင် ခြောက်သွေ့၍ လေလုံသော စက္ကူအိတ်ဖြင့် သိမ်းနိုင်ပါသည်။ (ပလတ်စတစ်အိတ်နှင့် သိမ်းပါက ရေငွေ့ရိုက် အစိုပြန်နိုင်သောကြောင့် မသိမ်းသင့်ပါ)
- ယေဘုယျအားဖြင့် Mask ပေါ်ရှိ ကိုဗစ်ရောဂါပိုးအားလုံးသည် ၃ ရက် ကြာလျှင် သေပြီးဟု ယူဆသောကြောင့် ဤနည်းကို သုံးနိုင်ပါသည်။
- ထိုသို့အပူပေးရန် သီးသန့်စက် (သို့မဟုတ်) ဆေးရုံတွင် စောင်အပူပေးသည့် စက်များ (ရှိလျှင်) သုံးနိုင်ပါသည်။
- သစ်သားတန်းတစ်ခုတွင် mask များချိတ်ဆွဲကာ အောက်ခံ မီးအပူပေးသည့် ကွိုင်နှင့် အနည်းဆုံး ၆ လက်မ အကွာထားကာ သတ်မှတ်အပူချိန်တွင် မိနစ် ၆၀ ကြာ အပူပေးနိုင်ပါသည်။
- ဤနည်းအားဖြင့် mask ရဲ့ ပိုးစစ်နိုင်စွမ်း (filtering efficiency) ကို 98.5% ထိန်းထားနိုင်သည်ဟု ဆိုပါသည်။
- mask ပျက်စီးနိုင်ပါသဖြင့် အချိန်ကြာကြာ မပေါင်းခံရပါ။
- ဤနည်းအားဖြင့် mask ရဲ့ ပိုးစစ်နိုင်စွမ်း (filtering efficiency) ကို 91.7% မှ 98.5% အထိ ထိန်းထားနိုင်သည်ဟု ဆိုပါသည်။
- ကျုံ့နိုင်/ ဆန့်နိုင်သည့် နားရွက်ချိတ်သည့် ကြိုးများကိုတော့ ရေနွေးထဲ မစိမ်ရပါ။ ပြုတ်နေစဥ် အိုးကို မမွှေရပါ။
- ပြုတ်ပြီးလျှင် လေဖြင့်သာ သဘာဝအတိုင်း အခြောက်ခံရပါမည်။
- ဤနည်းအားဖြင့် mask ရဲ့ ပိုးစစ်နိုင်စွမ်း (filtering efficiency) ကို 92.4% ထိန်းထားနိုင်သည်ဟု ဆိုပါသည်။ သို့သော် ပြုတ်လိုက်သည့်အတွက် mask ၏ ပုံစံပျက်သွားပြီး မျက်နှာနှင့် အံဝင်ခွင်ကျ မဖြစ်လျှင်သော်လည်းကောင်း မြန်မြန်ခြောက်ချင်ဇောနှင့် အပူပေး အခြောက်ခံလျှင်သော်လည်းကောင်း မခြောက်ဘဲ ရေစိုနေစဥ် ဝတ်လျှင်သော်လည်းကောင်း ပိုးစစ်နိုင်စွမ်း ပို၍ ကျနိုင်သည်ကို သတိပြုပါ။
Ref:
N95 Respirator Cleaning and Reuse Methods proposed by the inventor of the N95 mask material (May 2020)
တစ်နေ့တစ်ကြိမ်လျှော်သုံးပြီး အရမ်းကြာလာ (ခဏခဏလျှော်) ရင် သိပ်မကာကွယ်နိုင် ဖြစ်မှာစိုးလို့ပါရှင်"
- အဝတ် mask များ ဘယ်နှကြိမ်ထိ လျှော်သုံးနိုင်သည်မှာ အတိအကျတော့ မရှိပါ။ (တချို့လည်း အကြမ်းဖျင်း အကြိမ် ၃၀ ခန့်အထိ လျှော်သုံးနိုင်သည်ဟု ဆိုကြပါသည်)
- လျှော်သုံးနိုင်သည့် အကြိမ်အရေအတွက်မှာ mask ချုပ်လုပ်သော ပိတ်စ၊ လျှော်ဖွပ်ပုံ လျှော်ဖွပ်နည်း၊ မကြာခဏ ချွတ်လိုက် တပ်လိုက်လုပ်ခြင်း တို့ပေါ်လည်း မူတည်ပါသည်။
- အဝတ် mask တစ်ခုတည်းကို ခဏ ခဏ မလျှော်ရအောင် အဝတ် mask ၄ ခု၊ ၅ ခု ထား၍ #လဲလှယ်သုံးရန် အကြံပြုလိုပါသည်။
- အစဦးပိုင်းက ကိုဗစ်-၁၉ ရောဂါမှာ အဆုတ်ကို တိုက်ခိုက်သော ရောဂါဟုသာ ယူဆခဲ့ကြသော်လည်း #နောက်ပိုင်းတွေ့ရှိချက်များအရ အခြား ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းများ ဖြစ်သည့် နှလုံး၊ အရေပြား၊ သွေးနှင့် သွေးကြောများ၊ အသည်း၊ ဦးနှောက်နှင့် အာရုံကြော၊ ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင်းတို့နှင့် ပတ်သက်သော နောက်ဆက်တွဲဆိုးကျိုးများပါ ရှိလာသည်ကို တွေ့လာရပါသည်။
- ကိုဗစ်ရောဂါ ပြန်ကောင်းပြီးမှ ရုတ်တရက် အသက်ဆုံးရှုံးရသည့် အဓိကအကြောင်းရင်းမှာ သွေးခဲပျော်ဆေးပေးထားသည့်တိုင် ကိုဗစ်ရောဂါပိုးသည် သွေးကြောများတွင် #သွေးခဲစေနိုင်ပြီး ရုတ်တရက် သွေးကြောပိတ်ကာ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်သွေးကြော သွေးခဲခြင်းတို့ကြောင့် အသက်ဆုံးရှုံးရနိုင်ပါသည်။ အထူးသဖြင့် ကိုဗစ်ရောဂါစဖြစ်ပြီး ၂ ပတ် မှ ၅ ပတ် အကြာတွင် ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းများ၌ ရောဂါဒဏ်ကြောင့် #လွန်ကဲစွာရောင်ရမ်းတတ်ပါသည်။ ထို့ကြောင့် ကိုဗစ်နလန်ထလူနာများတွင် ဖျား/ ချောင်းဆိုး/ ရင်ခေါင်းထဲ မအီမသာဖြစ်/ ခေါင်းထိုးကိုက်ခြင်း ကဲ့သို့သော လက္ခဏာများ ခံစားရပါက #လျစ်လျူရှုမထားဘဲ ဆရာဝန်နှင့် ပြန်လည်ပြသကာ ကုသမှု ခံယူရပါမည်။
- ထို့ကြောင့် နလန်ထစ လူနာများတွင်
- ဖျားနာနေသူ (သို့မဟုတ်) ကိုဗစ်ကူးစက်ခံနေရသူ လူနာကို အိမ်သားများနှင့် ခွဲကာ တစ်ဦးတည်း သီးသန့် ထားပါ။ လူနာအတွက် သီးသန့်ခန်းမရှိလျှင်လည်း လူနာနေရမည့် သီးသန့်နေရာတစ်ခုကို ခွဲခြားသတ်မှတ်ပေးပါ။ ဖြစ်နိုင်လျှင်တော့ အိမ်သာ၊ ရေချိုးခန်းများကို #သီးသန့်ခွဲခြားထားသင့်ပါတယ်။
- လူနာနှင့် ထိတွေ့မှုကို လျှော့ချနိုင်စေရန် လူနာအတွက် သတ်မှတ်ပေးထားသော နေရာ (သို့မဟုတ်) အခန်းကိုတော့ လိုအပ်လာမှသာ ပိုးသတ်သန့်ရှင်းရေး လုပ်ပေးသင့်ပါသည်။ လူနာကိုယ်တိုင် ပိုးသတ်သန့်ရှင်းရေး လုပ်နိုင်လျှင်တော့ လူနာနေထိုင်ရာနေရာကို ပိုးသတ်သန့်ရှင်းရေး လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လူနာကို ပေးထားပါ။
- လူနာနှင့် မဖြစ်မနေမျှဝေသုံးစွဲရတဲ့ နေရာ၊ ပစ္စည်းများနှင့် အရာဝတ္ထုမျက်နှာပြင်များကို တစ်ခါအသုံးပြုပြီးတိုင်း လူနာကိုယ်တိုင် ပြန်လည်ပိုးသတ်သန့်ရှင်းခိုင်းပါ။ လူနာကိုယ်တိုင် ပိုးသတ်သန့်ရှင်းရေး မလုပ်နိုင်လျှင်တော့ လူနာနေထိုင်ရာ နေရာ (သို့မဟုတ်) အခန်းဟာ မဖြစ်မနေ ပိုးသတ်သန့်ရှင်းရေးလုပ်ရန် လိုအပ်လာမှသာ အခြားသူတစ်ဦးက ရောဂါကာကွယ်ရေးနည်းလမ်းများ လိုက်နာပြီး ဝင်ရောက်ပိုးသတ် သန့်ရှင်းပေးပါ။ ပိုးသတ်သန့်ရှင်းရေး ပြုလုပ်နေစဥ်တွင်လည်း အခန်းကို လေဝင်လေထွက်ကောင်းမွန်အောင် ထားရှိပါ။ လူနာအနေဖြင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (surgical mask) ကို တပ်ဆင်ထားရပါမည်။ လူနာကို အနီးကပ်ပြုစုမည့်သူကလည်း နှာခေါင်းစည်း (surgical mask) ကို စနစ်တကျ တပ်ဆင်ထားရပါမည်။
- လူနာအတွက် သီးသန့်အမှိုက်ပုံး ထားရှိဖို့ လိုအပ်မည်ဖြစ်ပြီး အမှိုက်ပုံးကိုလည်း ပလတ်စတစ်အိတ်ဖြင့် စွပ်ပြီး စနစ်တကျ အသုံးပြုရပါမည်။
- #နေအိမ်တွင်းပိုးသတ်သန့်စင်ပုံကို ဤပိုစ့်များတွင် ကြည့်ရှုပါ။
- ပိုးတွေ့လူနာနှင့် ဘယ်နှရက်မှ ထိတွေ့သင့်လဲနှင့် ပတ်သက်၍ ဤပိုစ့် မေးခွန်း ၃ တွင် ဖတ်ပေးပါ
- လူနာပြုစုခြင်းပြီးဆုံးပါက (သီးသန့်နေဖို့ ရက်ပြည့်သွားပြီးပါက) နေအိမ်တစ်ခုလုံး ပိုးသတ်သန့်စင် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။ ထိုအချိန်တွင် ကလေးများနှင့်လည်း အတူပြန်နေလို့ ရပါပြီ။
- ရောဂါအခံရှိသူများ ဂရုစိုက်နေထိုင်သင့်ပုံကို ဤပိုစ့် မေးခွန်း ၆ တွင် ဖတ်ရှုပေးပါ
- ဆီးချိုရောဂါသည်အတွက် အာဟာရဆရာဝန် Dr. Nutrition မှ အကြံပြုထားသည်ကို ဤတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
- အလုံပိတ် အဲကွန်းခန်းသည် အပြင် ဟင်းလင်းပြင် ပတ်ဝန်းကျင်နှင့် ယှဥ်ပါက နေရာကြပ်တည်းမှုနှင့် လေဝင်လေထွက်မကောင်းတာ ရှိနိုင်သောကြောင့် ရောဂါကူးစက်မှု အန္တရာယ်ပို၍ ရှိပါသည်။
- ထို့ကြောင့် လေဝင်လေထွက်ကောင်းစေရန် အဲကွန်းဇကာစစ်များကို ဖြုတ်ဆေးခြင်း၊ ဖြုတ်လဲခြင်း၊ အဲကွန်း ဆားဗစ်ဆင်း (servicing) ဝင်ခြင်းတို့ အခါအားလျော်စွာ ပြုလုပ်သင့်ပါသည်။
- အလုံပိတ်ခန်းထဲတွင် mask တပ်ဆင်ခြင်းအပြင် တစ်ဦးနှင့် တစ်ဦး ဖြစ်နိုင်သမျှ ဝေးဝေးသာ နေသင့်ပါသည်။ စကားပြောဆို စည်းဝေးရန် ရှိပါက တစ်ယောက် တစ်နေရာစီ နေပြီး အွန်လိုင်းအသုံးပြုကာ ဆက်သွယ်စည်းဝေးရန် အကြံပြုလိုပါသည်။
- ဒုတိယမေးခွန်းအတွက်မူ ကိုဗစ်ဖြစ်ခြင်းနှင့် အဲကွန်းခန်းထဲ နေခြင်း/ မနေခြင်းသည် အထက်ပါအချက်မှ လွဲ၍ ဆက်စပ်မှု မရှိပါ။
- အဝတ်အထည် အမျိုးအစားပေါ်မူတည်၍ ၂ ရက်မှသည် ၂ ပတ်အထိ ကိုဗစ်ရောဂါပိုးသည် အဝတ်အထည်တွင် ကပ်ငြိနေနိုင်ပါသည်။ သို့သော် ကိုဗစ်ပိုးသည် လူနာ၏ ခန္ဓာကိုယ်အပြင်ဘက် သက်မဲ့အရာပေါ်ရောက်ပြီးသည်နှင့် မပွားများနိုင်သောကြောင့် #အားပျော့သွားပြီ ဖြစ်ပါသည်။ ကိုဗစ်ပိုးသည် သက်ရှိသတ္တဝါ၏ ခန္ဓာကိုယ်ထဲ၌သာ ရှင်သန်ပွားများနိုင်ပါသည်။
- ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ ခပ်ခွာခွာနေခြင်းဖြင့် မိမိအင်္ကျီတွင် ကိုဗစ်ပိုးကပ်ငြိခြင်းမှ ကာကွယ်ရာ ရောက်ပါသည်။ (လူသူမရှိချိန် မိမိတစ်ယောက်တည်း ပြေးခြင်း၊ လမ်းလျှောက်ခြင်းဖြင့်တော့ ရောဂါပိုး ကပ်ငြိနိုင်ခြေ အလွန်နည်းပါသည်)
- တစ်ခုခုကိုင်ပြီးတိုင်း လက်သေချာမဆေးဘဲ မိမိမျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိကိုင်ပါနှင့်။
