
#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (23.7.21)
=================================
Answer: ညာသန်သူများတွင် ညာဘက်လက်ညှိုးကိုတိုင်းနိုင်ပီး ညာဘက်လက်ခလယ်ကိုလည်းတိုင်းနိုင်ပါသည်။#အဖြေကွာခြားမှု မရှိလှပါ။အရေးကြီးသည်မှာ တိုင်းတာစဥ်အတွင်း လက် မငြိမ်ခြင်း၊လက်ချောင်းတွင်တက်တူးရှိနေခြင်း၊လက်သည်းနီဆိုးထားခြင်း၊သွေးပေါင်ကျသွေးလည်ပတ်မှုမကောင်း၍ခြေဖျားလက်ဖျားအေးစက်ခြင်း၊လက်ချောင်းရေစို ချွေးစိုနေခြင်းများတွင် အဖြေမှားနိုင်ပါသည်။
Answer: ကိုဗစ်ကူးစက် မှုဖြစ်ပွာမှု များပြား သောယခုလိုအချိန်မျိုးတွင် အထက်ပါကို
ဗစ်လက္ခဏာများပေါ်ပေါက်ပါက ကိုဗစ်ပိုးရှိမရှိ စစ်ဆေးသင့်ပါသည်။အတူနေမိသားစုဝင်များလည်းစစ်ဆေးသင့်ပါသည်။စစ်ဆေးရာတွင် အဖြေ negative ထွက်သော်လည်း ၁၄ရက် သီးသန့်နေထိုင်ပြီး နောက်ထပ် ၃ရက်မှ ၅ရက်အကြာတွင် ထပ်မံစစ်ဆေးနိုင်ပါသည်။အောက်တွင်ဖော်ပြထားသောလင့်မှအမေးအဖြေများကိုကျေးဇူးပြု၍ ဖတ်ရှုပေးပါ။
Answer: လေ့လာချက် များအရ ကိုဗစ်ဖြစ်ပွားပြီးသောလူဦးရေ၏ ၁၀ရာခိုင်နှုန်း မှ ၂၀ရာခိုင်နှုန်းခန့်မှာ လပိုင်းထက်ပိုသော ဝေဒနာများခံစားရတတ်သည်ဟုဆိုပါသည်။ ရောဂါပြင်းထန်သူများတွင်သာမကဘဲ သာမန်ဖျားနာရုံလောက်သာ ခံစားရသောသူများတွင်လည်း #လနှင့်ချီ၍ မောခြင်း၊နှုန်းခြင်း ၊ အသက်ရှူမဝခြင်းတို့ခံစားရတတ်ပါသည်။မိမိဘာသာ Medical check up လုပ်မည့်အစား #ဆရာဝန်နှင့်တိုင်ပင်၍ လုပ်ဆောင်ခြင်းကပိုကောင်းပါသည်။ဆရာဝန်နှင့်တိုက်ရိုက်ဆွေးနွေးလိုပါက ဤပို့စ်တွင်ဖော်ပြထားသောလင့်များမှတစ်ဆင့်ဆက်သွယ်နိုင်ပါသည်။
Answer : Pulse oximeterခေါ်သွေးတွင်းအောက်ဆီဂျင်တိုင်းစက်များသည် ယခုအခါ စျေးကွက်ထဲတွင်ပုံစံအမျိုးမျိုးဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ Pulse oximeter ၏အဖြေအား #သွေးတွင်းရှိအောက်ဆီဂျင်တိုက်ရိုက်စစ်ဆေးနည်း Arterial Blood gas အဖြေနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ သို့ရာတွင် Arterial blood gas မှာ ယခုလိုအချိန်တွင် အလွယ်တကူစစ်ဆေး၍ ရနိုင်သည့်အရာ မဟုတ်ပါ။ ထို့ကြောင့် လူနာ၏လက္ခဏာပေါ်မူတည်၍စက်အဖြေ မှန်မမှန် အကြမ်းဖျင်းသိနိုင်သည်။ လူနာမှာ မောနေခြင်း၊ခက်ခက်ခဲခဲအသက်ရှူနေရခြင်း၊အသက်ရှူနှုန်းမြန်နေခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း နှင့် လျှာ၊မျက်နှာ၊နှုတ်ခမ်းနှင့်လက်သည်းများပြာလျှင် အောက်ဆီဂျင်ကျသော လက္ခဏာများဖြစ်၍ ထိုသူများတွင် #အောက်ဆီဂျင်ပုံမှန် ( 95%-100%) ဟုစက်တွင်ပြသနေပါက တစ်ခြားစက်တစ်လုံးဖြင့်ပြောင်းလဲစစ်ဆေးသင့်ပါသည်။သို့သော် #မည်သည့်လက္ခဏာမှမပေါ်ဘဲနှင့်အောက်ဆီဂျင်ကျနိုင်သည်ကိုလည်းသတိချပ်သင့်ပါသည်။အမျိုးအစားကောင်းသော oximeter များမှာ ပကတိသွေးတွင်းအောက်ဆီဂျင်အား ၃ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းကွာခြားချက်ဖြင့် တိုင်းတာနိုင်စွမ်းရှိပါသည်။မြန်မာပြည်တွင်ရုံးစိုက်၍ ဆေးပစ္စည်းဖြန့် ဖြူးသည့်ကုမ္ပဏီများမှ ဖြန့်ဖြူးသည့် oximeter များမှာအရည်အသွေးမဆိုးလှပါဟု
အကြမ်းဖျင်းဖြေဆိုရပါလိမ့်မည်။
Answer: Oximeter ၏ သဘောသဘာဝမှာ သွေးလွှတ်ကြောအတွင်းရှိ အောက်ဆီဂျင်သယ်ယူနိုင်သည့် သွေးနီဥအချိုးအစားကို အလင်းရောင်ဖြတ်ပြီး တစ်ဖက်မှ အာရုံခံခြင်းဖြင့် သွေးတွင်းရှိ အောက်ဆီဂျင် အချိုးအစားကိုတွက်ချက်ယူခြင်းဖြစ်ပါသည်။စက်ပေါ်တွင်လှိုင်းကလေးတွေပေါ်ရပါမည်။လူနာမှာပုံမှန်အတိုင်းအသက်ရှူရန်သာလိုအပ်ပါသည်။လက်ငြိမ်ငြိမ်မထားခြင်း၊သွေးပေါင်ကျ၍သွေးလျှောက်နည်းကာ လက်ချောင်းလေးများအေးစက်နေလျှင် လှိုင်းပုံစံ ( wave form) ကောင်းကောင်းမပေါ်ဘဲ အဖြေမှားနိုင်ပါသည်။ လူနာတွင်တိုင်းတာပုံမှန်ကန်ပါက အမျိုးအစားကောင်းသော နောက်စက်တစ်မျိုးနှင့်ထပ်မံစမ်းသပ်ကြည့်ပါ။မည်သို့သောသူများတွင်အဖြေမှားနိုင်သည်ကို မေးခွန်း နံပါတ် (၁) တွင်ဖတ်ရှုပေးပါ။
