#ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (16.7.21)

 

=================================
🚩🚩🚩1. မင်္ဂလာပါ၊ တစ်ခုလောက် သိချင်လို့ပါ၊ ညီမ မိသားစု ၅ ယောက်မှ တူမ ၁ ယောက်ပဲ လွတ်ပြီး အကုန်ပိုးတွေ့ပါတယ်၊ သိချင်တာက တစ်အိပ်ရာထဲ အတူအိပ်ပြီး တူမလေးက ဘာလို့ ပိုးမကူးတာလဲ သိချင်တာပါ၊ ကျေဇူးပါ။
ဖြေ - ကိုဗစ်ကို စစ်ဆေးရာတွင် Antigen test, NAAT နှင့် Antibody test ဟူ၍ ၃မျိုးရှိပါသည်။
- ကိုဗစ်ဒုတိယလှိုင်းတွင် NAAT နှင့် Antigen test ကို အဓိက အသုံးပြုပြီး ယခုတတိယလှိုင်းတွင် လူအများအသုံးပြုနေကြသော test မှာ Antigen test ဖြစ်သည်။
- Test များသည် ကိုဗစ်ကို ရှာဖွေစမ်းသပ်ရာတွင် အလွန်အသုံးဝင်သော်လည်း မည်သည့် test မှ ၁၀၀% မမှန်နိုင်ပါ။ ထို့ကြောင့် တစ်ခါတလေတွင် test များသည် false positive, false negative များ ရှိနိုင်ပါသည်။ (False positive ဆိုသည်မှာ လူနာတွင် ကိုဗစ်ပိုးမရှိသော်လည်း test တွင် positive ထွက်နေခြင်းကို ဆိုလိုပြီး false negative ဆိုသည်မှာ လူနာတွင် ကိုဗစ်ပိုးရှိနေသော်လည်း test တွင် negative ထွက်နေခြင်းကိုဆိုလိုသည်)
- ထို့ကြောင့် လူနာတွင် ရောဂါရှိ/ မရှိဆုံးဖြတ်ရာတွင်ဓာတ်ခွဲစမ်းသပ်မှု အဖြေတစ်ခုတည်းနှင့် ဆုံးဖြတ်၍ မရဘဲ
👉 လူနာတွင် သံသယဖြစ်စရာ ရောဂါလက္ခဏာရှိ/ မရှိ
👉 ဓာတ်ခွဲမှုနည်းလမ်း မှန်ကန်မှုရှိ/ မရှိ
👉 sample ယူသည့် နည်းလမ်းနှင့် ယူသည့် အချိန် မှန်/ မမှန်
👉 ကိုဗစ်လူနာနှင့် ထိတွေ့ခဲ့မှု ရှိ/ မရှိ နှင့်
👉 ရောဂါအဖြစ်များသော နေရာတွင် နေထိုင်ခြင်းရှိ/ မရှိ စသည့်အချက်များစွာပေါ်တွင် မူတည်၍ ဆုံးဖြတ်ရပါသည်။
- ယခု ဖြစ်စဉ်တွင် negative ထွက်နေခြင်းသည် ရောဂါပိုး အမှန်တကယ်မရှိသောကြောင့် ဖြစ်နိုင်သလို false negative ကြောင့်လည်း ဖြစ်နိုင်ပါသည်။
🚩🚩🚩2. တစ်အိမ်လုံး ကိုဗစ် ဖြစ်နေလို့ ကိုဗစ် positive လူနာ အချင်းချင်းရော isolate လုပ်ဖို့ လိုလား ခင်ဗျ?
🚩🚩🚩ကိုဗစ်ပိုး ကူးစက်ခံရသူ အချင်းချင်း mask မတပ်ဘဲ တစ်ခန်းတည်း နေထိုင်လို့ရပါသလား? အခြေအနေ ပိုဆိုးလာနိုင်ပါသလား?
ဖြေ - တစ်အိမ်လုံး ကိုဗစ်ရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးပြီး၍ ကိုဗစ်ဖြစ်တာ သေချာပါက (positive test result) သီးခြား Isolation လုပ်စရာ မလိုဘဲ အတူစုပေါင်း၍ Isolation လုပ်နိုင်ပါသည်။ #သို့သော် mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ ပေခွာ နေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမည်။
- ထိုသို့မဟုတ်ဘဲ တစ်အိမ်လုံးသည် ကိုဗစ်ရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးထားခြင်း မရှိဘဲ ရောဂါလက္ခဏာအရသာ ကိုဗစ်သံသယရှိသူများ ဖြစ်ပါက ဖြစ်နိုင်လျှင် တစ်ဦးချင်း သီးခြား Isolation လုပ်ရပါမည်။
🚩🚩🚩3. Third wave ရဲ့ positive လူနာဆီက ကူးစက်နိုင်တဲ့ ရက်က ဘယ်နရက်လဲ? ၁၄ ရက်လား? ရက် ၂၀ လား ရှင့်? ရုံးက ကလေးတွေ အားလုံးနီးပါး positive ဖြစ်နေကြလို့ ပါရှင်၊ ကျန်သူတွေ မကူးစက်ရအောင် သူတိူ့ကို ဘယ်ချိန်ကာလမှစလို့ ဘယ်ချိန်ရောက်ရင် ရုံးပြန်တက်လို့ရတယ် ဆိုတာလေး ဖြေကြားပေးစေလိုပါတယ်။
ဖြေ - ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်ပါတယ်၊ အနည်းဆုံး တစ်ပတ်မှ အချို့ပြင်းထန်လျှင် ၂ ပတ်ထိ ကူးစက်နိုင်ပါတယ်။ အလွန်ပြင်းထန်သောလူနာများတွင် ရက်ပေါင်း ၂၀ထိ ကူးစက်နိုင်ပါသည်။
- ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။
- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့လိုအပ်ပါသည်။
🚩🚩🚩4. ဒီနေ့မနက်ပိုင်းမှာ အတူနေတဲ့ သူငယ်ချင်းက dead bodyနဲ့ ထိတွေ့မှု ရှိခဲ့ပါတယ်၊
ဆုံးသွားတဲ့ dead body ကလည်း covid ပိုးတွေ့လူနာဖြစ်ပါတယ်၊ ကူးစက်နိုင်ပါသလား?
ဖြေ - သေဆုံးပြီး ရုပ်အလောင်းဆီမှတစ်ဆင့် ကိုဗစ်ကူးစက်ခြင်းကို မတွေ့ရှိရသော်လည်း လေ့လာနေဆဲဖြစ်သည့်အတွက် သတိထားပြီး ကိုင်တွယ်ရန် CDC (Center for Disease Control and Prevention) မှ အကြုံပြုထားပါသည်။
❌ Dead body ကို ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ ဆေးကြောသန့်စင်ခြင်း၊ အဝတ်လဲလှယ်ပေးခြင်းတို့ကို အတတ်နိုင်ဆုံး ရှောင်ရမည်။
👉 သို့သော် dead body ကို ဓလေ့ထုံးစံအရ ဆေးကြောသန့်စင်ခြင်း၊ အဝတ်လဲလှယ်ခြင်းလုပ်ဆောင်ရန် လိုအပ်ပါက ဆောင်ရွက်ပေးသူက #PPE ဝတ်ဆင်ရန် အကြံပြုထားပါသည်။
- မီးသင်္ဂြိုဟ်ရာမှ ရရှိသော ပြာမှုန့်မှတစ်ဆင့် ပိုးမကူးစက်နိုင်ပါ။
🚩🚩🚩5. Covid ဖြစ်ပြီး ပြန်ကောင်းသွားတဲ့သူက Covid ဖြစ်နေတဲ့ လူနာကို ပြုစုလို့ရလား?
ဖြေ - နိုင်ငံတကာ၏ လေ့လာတွေ့ရှိချက်များအရ ကိုဗစ်ဖြစ်ပြီး လူနာတွင် ကိုယ်ခံစွမ်းအားသည် အနည်းဆုံး ရက် ၉၀ ထိ ရှိနေတတ်သော်လည်း ကာကွယ်နိုင်စွမ်း ရှိ/မရှိကို လေ့လာနေဆဲ ဖြစ်ပါသည်။
- ကိုဗစ်ဖြစ်ပြီးနောက်တွင်လည်း နောက်တစ်ခေါက် ကိုဗစ်ပြန်ဖြစ်သည့် ဖြစ်စဉ်များ ရှိသောကြောင့် ကိုဗစ်ဖြစ်နေသော လူနာကို ပြုစု၍ ရ/ မရကို အတိအကျ မပြောနိုင်ပါ။
- လူနာကိုပြုစုရန် လိုအပ်ပါက mask တပ်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ တတ်နိုင်သမျှ ၆ ပေ ခွာနေခြင်းတို့ကို လုပ်ဆောင်ရန် အကြုံပြုလိုပါသည်။
🚩🚩🚩6. Covid positive ဖြစ်လို့ 2 ပတ် isolation လည်း နေတယ်၊ သက်လည်း သက်သာတယ်ဆိုရင် 2 ပတ် ပြည့်တဲ့အခါ ပြန်စစ်လို့ positive ဖြစ်နေရင်ရော တခြားသူကို ကူးစက်နိုင်သေးလား ရှင့်?
ဖြေ - ကိုဗစ်ဖြစ်ပြီးနောက် ၃ လ အထိ positive ဖြစ်နေတတ်ပါသည်။ သို့သော် တခြားသူကို မကူးစက်နိုင်ပါ။ ထို့ကြောင့် ကိုဗစ်သံသယလက္ခဏာအသစ်များ ထပ်မပေါ်ပါက ပြန်လည်စစ်ဆေးရန်မလိုပါ။
🚩🚩🚩7. ကျွန်မဖျားပြီး အနံ့မရတာ ၃ ရက် ရှိပါပြီ။ အိမ်မှာ သီးသန့်နေပါတယ်။ နောက်ပြီး နို့စို့ကလေးရှိလို့ ဘာဆက်လုပ်ရမှန်း မသိလို့ပါ၊ ကလေးနို့တိုက်လို့ရပါလား?
ဖြေ - အောက်ပါပိုစ့်ရှိ မေးခွန်း ၁ ၏ အဖြေကို ပြန်လည် ရည်ညွှန်းအပ်ပါသည်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.