#ကိုယ်ခံအားမြှင့်တင်ဆောင်ရွက်ခြင်း 💪💪💪


 

- ကိုဗစ်-၁၉ ရောဂါကို ခုခံနိုင်ရန်အတွက် လက်တွေ့ပြုလုပ်ရန်မှာ ကိုယ်ခံအားမြင့်အောင် ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။
- ကိုဗစ်ရောဂါကူးစက်ခံရသည့်တိုင် ကိုယ်ခံအားကောင်းမွန်သူသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အဆင့်သို့ ရောက်နိုင်ခြေနည်းပါးပြီး ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးများပါသည်။
-😴 အရွယ်ရောက်ပြီးသားသူတစ်ယောက်အတွက် နေ့စဥ် အနည်းဆုံး ၇ နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်အနားယူဖို့ လိုအပ်ပါသည်။
-⏲ ဖြစ်နိုင်လျှင် နေ့စဥ် အိပ်ရာထ/ ဝင်ချိန် အချိန်တစ်ခုသတ်မှတ်၍ ပုံမှန်ထားရှိပါ။
📌📌📌2. သားငါးသီးရွက်တို့ကို #အာဟာရဓာတ်စုံလင်မျှတအောင် စားပါ
- ကိုယ်ခံအားတက်စေသည့် အစားအစာများဖြစ်သော
🍋 ချဥ်၍ အရည်ရွှမ်းပြီး Vitamin C ကြွယ်ဝသော သစ်သီးများ (ဥပမာ - လိမ္မော်၊ သံပုရာ၊ ကမ္ဗလာ)
🥬 အစိမ်းရောင်ရှိပြီး သံဓာတ် (Iron) ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ (ဥပမာ - ကန်စွန်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း)
🧅 ကိုယ်ခံအားမြင့်တက်စေသော နေ့စဥ်ဟင်းချက်ဖွယ်များ (ဥပမာ - ကြက်သွန်ဖြူ/နီ၊ ဂျင်း၊ နနွင်း)
🌻 Vitamin E ကြွယ်ဝသော အစေ့အဆန်အမျိုးမျိုး (ဥပမာ - နေကြာစေ့၊ သီဟိုစေ့၊ သစ်ကြားစေ့)
🦐 သွပ်ဓာတ် (Zinc) ပါသော အခွံမာပင်လယ်စာများ (ဥပမာ - ပုစွန်၊ ဂဏန်း၊ ဂုံးယောက်)
🥚 Vitamin D ကြွယ်ဝသော စားသောက်ဖွယ်များ (ဥပမာ - ဒိန်ချဥ်၊ ကြက်ဥ၊ ငါးသေတ္တာငါး၊ မှိုအမျိုးမျိုး)
🥜 Vitamin B ကြွယ်ဝသော စားသောက်ဖွယ်များ (ဥပမာ - ပဲအမျိုးမျိုး၊ နွားနို့၊ ကွေကာအုပ်)
🥩🐟 အခြား သားငါးအမျိုးမျိုးတို့ကို သင့်တင့်မျှတအောင် စားသုံးပေးပါ။
- အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိအောင် စီမံပါ 👩‍🍳
-🥛 တစ်နေ့လျှင် အနည်းဆုံး ရေ ၂ လီတာခွဲ သောက်သုံးပေးသင့်ပါသည်။
-💧 သောက်ရေသန့် (သို့မဟုတ်) ကျိုချက်ထားသော ရေကိုသာ သောက်သုံးရပါမည်။
📌📌📌4. #ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
-🏃‍♀️ နေ့စဥ် အနည်းဆုံး နာရီဝက်ခန့် (မိနစ် ၃၀) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်ပါသည်။
-🚶‍♂️ အထိုင်များသော သူဖြစ်ပါက ၂ နာရီ ထိုင်ပြီးတိုင်း ၅ မိနစ်ခန့် လမ်းလျှောက်ပါ။
📌📌📌5. #စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ
- အောက်ပါနည်းလမ်းများဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါသည် 👇
🧘‍♀️ နေ့စဥ် တရားထိုင်၍ စိတ်ကို ရှင်းလင်းပါ
🙏 ကိုးကွယ်ရာဘာသာအလိုက် ဝတ်ပြုဆောင်ရွက်ပါ
🎶 စိတ်လေလွင့်မှု မရှိစေဘဲ မိမိနှစ်သက်ရာ ဝါသနာတစ်ခုခုကို လေ့လာလိုက်စားပါ
👪 မိမိချစ်ခင်ရသူများနှင့် ရင်ဖွင့်ပြောဆိုပါ
🙅‍♂️ မိမိမလုပ်နိုင်သည့် အရာများကို ငြင်းဆိုပါ
- နေ့စဥ်ဘဝအမောများကြားမှ ရယ်မောဖို့ မမေ့ပါနှင့် 😅
📌📌📌6. #ဆေးလိပ်_အရက် သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ
-🚭 ဆေးလိပ်သောက်သုံးသူဖြစ်ပါက ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ။ (ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကို အဓိက ထိခိုက်စေပါသည်)
-🥃 အရက်သောက်သုံးသူဖြစ်ပါက အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။ သောက်သုံးသည့် ပမာဏကို လျှော့ချရန် ကြိုးစားပါ။ အရက်လုံးဝမသောက်သည့်ရက် တစ်ပတ်လျှင် အနည်းဆုံး ၂ ရက် ရှိရပါမည်။ (အရက်သောက်ခြင်းသည် အသည်းကို အဓိက ထိခိုက်စေပါသည်)
-👩‍⚕️ လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ရုပ်သံဗီဒီယိုများကို တစ်စုတစ်စည်းတည်း Download ရယူရန်-
သို့မဟုတ်
သို့မဟုတ်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.