ကိုဗစ်-၁၉ သံသယလူနာများအတွက် သီးခြားနေထိုင်ရန် လမ်းညွှန်ချက်များ

 

ကိုဗစ်-၁၉ သံသယလူနာများအတွက် သီးခြားနေထိုင်ရန် လမ်းညွှန်ချက်များ

ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသူအတွက် လက္ခဏာ စတင်ပေါ်ပေါက်သည့်နေ့မှစတင်၍ (၁၀) ရက်တိတိ သီးခြားနေထိုင်ရန် လိုအပ်ပါသည်။
လက္ခဏာရှိသူ၏ မိသားစုဝင် (သို့မဟုတ်) လက္ခဏာရှိသူနှင့်ထိတွေ့ထားသူအတွက် လက္ခဏာမပြသေးသော်လည်း (၁၀) ရက် သီးခြားနေထိုင်ရပါမည်။ ထိုရက်များအတွင်း
လက္ခဏာပေါ်ပေါက်လာပါက ပေါ်လာသည့်နေ့ရက်မှ စတင်၍ (၁၀) ရက် သီးခြားနေထိုင်ရန် လိုအပ်ပါသည်။
သီးခြားနေထိုင်ခြင်းကို ဒေသအလိုက်သတ်မှတ်ထားသော ကိုဗစ်ထိန်းချုပ်ရေးစင်တာ နှင့် လူထုအခြေပြုစင်တာ (သို့မဟုတ်) မိမိနေအိမ်ရှိ သီးခြားအခန်းတစ်ခုတွင် ပြုလုပ်နိုင်ပါသည်။
သီးခြားနေထိုင်နေစဉ်အတွင်း ရောဂါလက္ခဏာများပိုမိုဆိုးရွားလာပါက ဆေးကုသရေးဌာနများသို့ သွားရောက်ဆေးကုသမှုခံယူရမည်။

(စေတနာဖြင့် ကိုဗစ်-၁၉ ဗဟုသုတစင်တာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.