● ကိုဗစ်-၁၉ သံသယလူနာများ မိမိနေအိမ်တွင် သီးခြားနေထိုင်သည့်အခါ လိုက်နာရန်အချက်များ
ကိုဗစ်-၁၉ ထိန်းချုပ်ရေးစင်တာ၊ လူထုအခြေပြုစင်တာ စသည်တို့သို့ သွားရောက်နိုင်ခြင်း
မရှိပါက မိမိနေအိမ်တွင် သီးခြားနေထိုင်သည့်အခါ အောက်ပါအချက်များကို တိကျစွာ လိုက်နာမှသာ မိမိချစ်သော အခြားသူများကို ရောဂါမကူးစက်နိုင်မည်ဖြစ်ပါသည်။
သီးသန့်အခန်း (သို့မဟုတ်) လေဝင်လေထွက်ကောင်းသော သီးသန့်နေရာတစ်ခု ပြင်ဆင်ပါ။
အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိပါ။ အများနှင့်အတူ မလွှဲမရှောင်သာ၍ အသုံးပြုရပါက မကိုင်တွယ်မီနှင့် ကိုင်တွယ်အပြီး လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ စက္ကန့် (၂၀) ခန့် သေချာစွာဆေးပါ (သို့မဟုတ်) အယ်လ်ကိုဟော (၆၀) % ပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုပါ။
အတူနေအိမ်သားများနှင့် တတ်နိုင်သမျှ တိုက်ရိုက်မတွေ့သောနည်းလမ်းများကို အသုံးပြု၍
ဆက်သွယ်ပါ (ဥပမာ- မိုဘိုင်းလ်ဖုန်း)။ မဖြစ်မနေ တိုက်ရိုက်ပြောဆိုရလျှင် အနည်းဆုံး (၆) ပေ
ခွာ၍ စကားပြောဆိုပါ။ နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပါ။
အိမ်သားများနှင့်အတူ မျှဝေသုံးစွဲရသောပစ္စည်းများ (ဥပမာ- တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း စသည်) ကို အသုံးပြုပြီးပါက သေချာစွာ ပိုးသန့်စင်ပါ။
အသုံးပြုပြီးသော စွန့်ပစ်ရမည့်ပစ္စည်းများ (ဥပမာ - တစ်သျှူး၊ Mask စသည်) ကို အဖုံးပါသည့် အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ပါ။
Poster များ download လုပ်ရန် link:

