ရောဂါလက္ခဏာများ အပိုင်း(၃) နှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ

 

=================================

🚩🚩🚩1. Oxygen ကျတာက ဘယ်နှရက်အတွင်းမှာ ဖြစ်တတ်တာလဲဗျ? 14 ရက် ကျော်ရင် စိတ်ချရပြီလားဗျ?
ဖြေ။ ၁၅ ရာခိုင်နှုန်းခန့်သော ကိုဗစ်ကူးစက်ခံရသူတွေကတော့ ရောဂါလက္ခဏာပြပြီး (၅ ရက်မှ ၈ ရက်ကြား) ဒုတိယအပတ်မှ စပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပြီး သွေးတွင်း အောက်ဆီဂျင် SPO2 92% အောက်ကို ကျလာလေ့ရှိကာ ကုသမှုခံယူရလေ့ရှိပါတယ်။ အချို့သူများမှာ ရောဂါလက္ခဏာစတင်ခံစားရပြီး ၁၄ ရက်အတွင်းတွင် ပြန်လည်သက်သာသွားလေ့ရှိပါတယ်။
- ကျန်တဲ့ ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများ ခံစားရလေ့ရှိပြီး ၁၄ ရက်ကျော် ကြာသည်အထိ ဝေဒနာများခံစားရလေ့ရှိကာ အသက်အန္တရာယ်နှင့်လည်း ကြုံတွေ့ရနိုင်ပါတယ်။


🚩🚩🚩2. Rash လိုတွေထွက်တဲ့အကြောင်း detail သိချင်ပါတယ်။
🚩🚩🚩Covid လက္ခဏာထဲက အရေပြားတွင် အနီကွက်ထွက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ? အနီစက်ထွက်ပြီး ယားယံတာတွေဖြစ်ရင်လည်း covid sign ပြတာ ပဲလား ရှင့်?
ဖြေ။ ယခု နောက်ဆုံးတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါခံစားရသူအချို့တွင် အရေပြားရောဂါလက္ခဏာများ ခံစားရလေ့ရှိသည်ကို တွေ့ရပါတယ်။ ၎င်းအရေပြားလက္ခဏာများမှာ အခြားလက္ခဏာများ မဖြစ်ပေါ်မီ (သို့မဟုတ်) အခြားလက္ခဏာများနှင့်တွဲ၍ သို့မဟုတ် အခြားလက္ခဏာများ ခံစားရပြီးနောက်တွင် ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။
- အရေပြားလက္ခဏာများအနေဖြင့်
👉 ခြေချောင်း လက်ချောင်းထိပ်များတွင် အရောင်ပြောင်းခြင်း၊
👉 နှင်းခူကဲ့သို့ အရေပြား ပြောင်းလဲခြင်း၊
👉 နှုတ်ခမ်း နီရဲခြင်း၊
👉 အရေပြားတွင် အနီစက်နှင့် အရည်ကြည်ဖုများထခြင်း၊
👉 သွေးခြေဥသကဲ့သို့ အရေပြား ပြောင်းလဲခြင်း၊
👉 အင်ပြင်ကဲ့သို့ ယားယံသော အနီကွက်များ ထခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
- ၎င်းတို့မှာ ရက်အနည်းငယ်အကြာတွင် သက်သာသွားလေ့ရှိပြီး အချို့သူများတွင် တစ်ခါတစ်ရံ ပေါ်လိုက်ပျောက်လိုက်ဖြင့် လအနည်းငယ်ကြာ ခံစားရလေ့ရှိကြောင်း တွေ့ရှိရပါတယ်။

(စေတနာဖြင့် ကိုဗစ်-၁၉ ဗဟုသုတစင်တာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.