
#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (13-7-2021)
=================================
ဖြေ။ ဗိုင်းရပ်စ်ပိုး သယ်ဆောင်သောပိုး (viral vector) မှတစ်ဆင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးများဖြစ်သည့် #AstraZeneca နှင့် #Covishield ကာကွယ်ဆေး ၂ မျိုးလုံးကို AstraZeneca ကုမ္ပဏီနှင့် Oxford တက္ကသိုလ်တို့မှ ပူးပေါင်းဖော်စပ်ထားပြီး AstraZeneca ဆေးကို အင်္ဂလန်နိုင်ငံ အခြေစိုက် AstraZeneca ကုမ္ပဏီက ထုတ်လုပ်ပြီး Covishield ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India Pvt Ltd မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။
ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူများတွင် ရောဂါလက္ခဏာများ သက်သာကောင်းမွန်လာပြီး အခြားသူများထံသို့ ရောဂါကူးစက်နိုင်ခြေမရှိသည့်အချိန် -
- Common cold သို့မဟုတ် seasonal flu ခံစားနေရပါက ကာကွယ်ဆေးမထိုးသင့်ပါ။ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီးမှသာလျှင် ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံရမှာ ဖြစ်ပါတယ်။
- ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားပါက ၇ ရက်ခန့် ခြားပြီးချိန်မှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း ကျွမ်းကျင်ပညာရှင်များမှ အကြံပြုထားပါတယ်။
ဖြေ။ #Sinopharm ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက် ရှိသူများတွင်သာ ထိုးနှံရပါမယ်။ အသက် ၆၀ နှစ်အထက်ရှိသူများအတွက် သုတေသနအချက်အလက်များ ခိုင်ခိုင်မာမာ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောထားပါတယ်။
- ကိုယ်ဝန်ဆောင်များအတွက် သုတေသနအချက်အလက်များ မရှိသေးသဖြင့် ကိုယ်ဝန်ဆောင်များကို ထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုး နှိုင်းဆ၍ ထိုးနှံရပါမယ်။ နို့တိုက်မိခင်များတွင် ထိုးနှံနိုင်ပါတယ်။
- ကာကွယ်ဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မထိုးရပါဘူး။ ကိုယ်ပူဖျားနာနေပါက မထိုးရပါ။
- ၃ ပတ်မှ ၄ ပတ် ခြား၍ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံရပါမယ်။
- ဘေးထွက်ဆိုးကျိုးအနေဖြင့် ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ နီရဲခြင်းနှင့်ရောင်ယမ်းခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။ ဆိုးဆိုးရွားရွား ပျို့အန်ခြင်းနှင့် ရှားရှားပါးပါး ဦးနှောက်အာရုံကြောရောင်ခြင်း ဖြစ်စဥ် ၂ ခု ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ သွေးခဲခြင်း ဖြစ်စဥ်တစ်ခုလည်း ရှိခဲ့ကြောင်း ဆိုပါတယ်။
ဖြေ။ ဒုတိယအကြိမ် ဆေးထိုးရမည့် အချိန်အတွက် သတ်မှတ်ရာတွင် ကာကွယ်ဆေးတစ်မျိုးနှင့် တစ်မျိုး မတူညီကြပါ။ အချို့မှာ ၂၁ ရက်တွင် ထိုးရလေ့ရှိပြီး အချို့မှာ ၂၈ ရက်မှ ၄၂ ရက်ကြားတွင် ထိုးရလေ့ရှိပါသည်။ သတ်မှတ်ထားသောရက်အတွင်း ထိုးနှံပါက ကာကွယ်မှု အကောင်းဆုံးရနိုင်ပါတယ်။
- သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားသော ရက်အပိုင်းအခြားအတွင်း မထိုးခဲ့ရပါက အနီးစပ်ဆုံး အမြန်ဆုံး ဒုတိယအကြိမ် ထိုးကြဖို့ကို ကျွမ်းကျင်ပညာရှင်များမှ အကြံပြုထားပါတယ်။
- ထိုအတွက် သုတေသနများ ခိုင်ခိုင်မာမာမရှိသေးသော်လည်း ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးနောက် ဆက်လက်မထိုးနှံခြင်းထက် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းက ခုခံအား ပိုမိုရရှိနိုင်မည်ဟု ပညာရှင်များက ယူဆထားကြပါတယ်။
- ထို့အပြင် လတ်တလော နိုင်ငံတကာတွင် လေ့လာမှုများအရ မတူညီကွဲပြားသော ကာကွယ်ဆေးနှစ်မျိုးကို သတ်မှတ်ထားသော ရက်အတွင်းတွင် နှစ်ကြိမ် (ပထမအကြိမ်တွင် တစ်မျိုး၊ ဒုတိယအကြိမ်တွင် နောက်တစ်မျိုး) ထိုးပြီးနောက် အခြားကာကွယ်ဆေးတစ်မျိုးဖြင့် ထပ်မံအားဖြည့်ထိုးပါက ခုခံအားပမာဏ ပိုမိုရရှိကြောင်း တွေ့ရှိထားရပါတယ်။ သို့သော် လေ့လာဆဲ အခြေအနေတွင်ပင် ရှိနေပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ထိုကဲ့သို့ ကာကွယ်ဆေးထိုးရန် အကြံပြုထားခြင်း မရှိသေးပါ။
