
#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (10.8.21)
=================================
သက်ဆိုင်ရာ ကာကွယ်ဆေးများအတွက် သတ်မှတ်ထားသော အပူချိန်တွင်ထား၍ သိုလှောင်ထားမှု မရှိခြင်း၊ စနစ်တကျ သယ်ယူမှု မရှိခြင်း၊ ဆေးထိုးစဉ်တွင် ကာကွယ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းချက်များကို စနစ်တကျလိုက်နာမှု မရှိခြင်း စသည်တို့ရှိပါက ကာကွယ်ဆေးအာနိသင်များ ပျက်ပြယ်နိုင်ပါတယ်။
#Sinopharm (BBIBP-CorV) ကာကွယ်ဆေးကို တရုတ်နိုင်ငံ၊ Beijing Institute of Biological Products Co-Ltd မှ ထုတ်လုပ်ထားပြီး #Sinovac (CoronaVac) ကာကွယ်ဆေးကို တရုတ်နိုင်ငံ၊ Sinovac Biotech Ltd. မှ ထုတ်လုပ်ထားပြီး ကာကွယ်ဆေးနှစ်မျိုးလုံးမှာ ဗိုင်းရပ်စ်ပိုးကို အစွမ်းမဲ့အောင် (Inactivated virus) ပြုလုပ်၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးများဖြစ်ကြပါတယ်။
ကာကွယ်ဆေးထုတ်လုပ်သည့် ပညာရှင်များမှာ ၎င်းတို့ သက်ဆိုင်ရာ ကာကွယ်ဆေးများအလိုက်သာ သုတေသနပြုလေ့လာထားခြင်း ဖြစ်သဖြင့် ပေါင်းစပ်ထိုးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါကာကွယ်နိုင်စွမ်း၊ အာနိသင်၊ ဆိုးကျိုးများနှင့် ပတ်သက်၍ သိပ္ပံနည်းကျအချက်အလက်များ ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကာကွယ်ဆေးမထိုးမီ မိမိတို့ထိုးမည့် ကာကွယ်ဆေးနှင့် ပတ်သက်၍ ကြိုတင်လေ့လာရန်လိုပြီး #တူညီသောကာကွယ်ဆေးတစ်မျိုးတည်းကိုသာ အကြိမ်ပြည့်ထိုးနှံကြရန် လိုပါတယ်။
အကယ်၍ ကိုဗစ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်သော ခန္ဓာကိုယ် အင်္ဂါစနစ်များစွာ၌ ရောင်ရမ်းခြင်း ရောဂါစု ခံစားရခြင်း ရှိပါက ၎င်းရောဂါမှ သက်သာလာပြီးချိန်အပြင် ရောဂါစု လက္ခဏာများ စတင် ခံစားရပြီးနောက် ရက်ပေါင်း ၉၀ နောက်ပိုင်းမှသာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC က အကြံပြုထားပါတယ်။ ၎င်းရောဂါစု၏ လက္ခဏာများအနေဖြင့် ကိုယ်ပူတက်ခြင်းနှင့်တွဲ၍ ဗိုက်အောင့်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဝမ်းပျက်/လျှောခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ လည်ပင်းနာခြင်း၊ အရေပြားတွင် နီရဲခြင်း၊ အန်ခြင်းတို့ တစ်ခုမဟုတ် တစ်ခု ခံစားရနိုင်ပါတယ်။ အကယ်၍ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ် ကြာရှည်အောင့်ခြင်း/လေးလံခြင်း၊ သတိလွတ်ခြင်း၊ လှုပ်နှိုး၍မရခြင်း၊ မှိန်းနေခြင်း၊ အရေပြား၊ နှုတ်ခမ်းနှင့် လက်သည်းခွံများ ဖျော့တော့ခြင်း၊ အရောင်မှိန်ခြင်း၊ ပြာနှမ်းခြင်း၊ သို့မဟုတ် ရောဂါဆိုးရွားလာသည်ဟု ထင်မြင်ခြင်းများ ရှိပါက ကုသမှု အမြန်ဆုံးခံယူရမှာ ဖြစ်ပါတယ်။
ဖြေ။ ယခုကဲ့သို့ စစ်တပ်မှ ပြည်သူ့အာဏာကို မတရားသိမ်းယူထားသောကြောင့် ယခင်ပြုလုပ်နေကြဖြစ်သော ဆေးဝါးများ၏ အရည်အသွေးနှင့် ပတ်သက်၍ စနစ်တကျ စစ်ဆေးထိန်းချုပ်မှု မပြုလုပ်နိုင်သည့် အချိန်မျိုးတွင် ကာကွယ်ဆေးအတုကဲ့သို့သော ဆေးအတုကိစ္စများ ဈေးကွက်ထဲ ဝင်ရောက်မှု ပိုမိုများပြားနိုင်သဖြင့် အထူးသတိထားရန်လိုပါတယ်။ အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး အမျိုးအစားအလိုက် အိန္ဒိယ ရူပီးငွေ ၇၀၀ မှ ၁၅၀၀ ခန့် (မြန်မာငွေ ၁၅၀၀၀ မှ ၃၅၀၀၀ ကျပ်ခန့်) ကျသင့်ကြောင်း တွေ့ရပါတယ်။ စစ်မှန်သော ကာကွယ်ဆေးဖြစ်နိုင်၊ မဖြစ်နိုင်ကို ကျသင့်ငွေ တန်ဖိုးတစ်ခုတည်းဖြင့် ဆုံးဖြတ်၍ မရနိုင်သော်လည်း ယေဘုယျအားဖြင့် ပုံမှန်ထက် ဈေးပေါသော ကာကွယ်ဆေးများမှာ ဆေးအတုများ ဖြစ်နိုင်ခြေများပါတယ်။ ကာကွယ်ဆေးအတုများ၌ ပုံမှန်ပါဝင်ရမည့်ဆေးပမာဏထက် များလွန်းနေခြင်း သို့မဟုတ် နည်းလွန်းနေခြင်း၊ အခြားပါဝင်ပစ္စည်းများ ပါရှိနေခြင်း၊ ဆေးပုလင်းတွင် ဖော်ပြထားသော အညွှန်းများ မပြည့်စုံခြင်း သို့မဟုတ် လုံးဝ မပါရှိခြင်း၊ သက်တမ်းကုန်ဆုံးရက် ကျော်လွန်နေခြင်း သို့မဟုတ် လုံးဝ မပါရှိခြင်း၊ မည်သို့သိမ်းဆည်းရမည်နှင့် ပတ်သက်၍ ဖော်ပြမထားခြင်း၊ ထုပ်ပိုးမှု သပ်သပ်ရပ်ရပ်မရှိခြင်း၊ အညွှန်းများတွင် စာလုံးပေါင်းအမှားနှင့် သဒ္ဒါအထားအသို အလွဲအမှားများ ရှိခြင်းတို့ ရှိနေနိုင်ပါတယ်။ ထို့ပြင် စစ်မှန်သော ကိုဗစ်ကာကွယ်ဆေးဟုတ်၊ မဟုတ်ဆိုသည်မှာ အသုံးပြုသော ကာကွယ်ဆေးအမျိုးအစား၊ တင်သွင်းသော ကုမ္ပဏီ၊ ဆေးထိုးပေးမည့် ဆေးရုံဆေးခန်း၊ ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ချယုံကြည်နိုင်မှု စသည်တို့ပေါ် မူတည်၍ ဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။
မနေ့က sinopharm ကိုနောက်တစ်ကြိမ်ထပ်ထိုးလိုက်ပါတယ်ရှင့်။ အဲဒါအန္တရာယ်ရှိလားရှင့်။ လေးကြိမ်မြောက်ရောထပ်ထိုးဖို့လိုလားရှင့်။
ဓာတ်မတည့်ခြင်း လက္ခဏာရှိသူများအတွက် ကာကွယ်ဆေးထိုးသင့်၊ မသင့်နှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/122337093451879 တွင် ဖော်ပြထားပါတယ်။
- သို့သော် ယခုနှစ် မတ်လမှစ၍ အိန္ဒိယအစိုးရက dose ၂ ခုအကြား ၆ ပတ်မှ ၈ ပတ်ခွာထိုးရန် ညွှန်ကြားပြီး တစ်ဖန် မေလ ၁၃ ရက်နေ့မှစ၍ (ယူကေနိုင်ငံနှင့် အခြားနိုင်ငံများနည်းတူ) dose ၂ ခုအကြားတွင် ၁၂ ပတ်မှ ၁၆ ပတ်ခွာထိုးရန် ညွှန်ကြားခဲ့တာ တွေ့ရပါသည်။ ထို့ကြောင့် SII ကလည်း သူ့ website ၏ အမေးများသော မေးခွန်းနံပါတ် ၆ တွင် ထိုသို့ထိုးနိုင်သည်ဟု လက်ရှိဖော်ပြထားတာ တွေ့ရပါသည်။ (second dose ကို ထိုးရန် ၁၂ ပတ်ကျော်သွားလျှင်လည်း အစမှ ပြန်ထိုးစရာမလိုဘဲ second dose ထိုးနိုင်တယ်လို့လည်း မေးခွန်း ၇ တွင် ဖော်ပြထားပါသည်)
- ယခုမူ လေ့လာတွေ့ရှိချက်များအရ ယူကေနှင့် အခြားနိုင်ငံများက second dose ကို ၈ ပတ်မှ ၁၂ ပတ်ပဲ ခွာထိုးရန် ဆုံးဖြတ်ပြန်ရာ အိန္ဒိယအစိုးရကလည်း အသက် ၄၅ နှစ်နှင့်အထက် လူများတွင် လက်ရှိ ထို first dose နှင့် second dose အကြား အချိန်ကွာခြားချက်ကို ပြန်လျှော့ရန် သုံးသပ်လျက် ရှိပါသည်။
- SII ၏ ကာကွယ်ဆေးစာရွက်အညွှန်းပါ စမ်းသပ်တွေ့ရှိထားသော ကာကွယ်မှုရာခိုင်နှုန်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။
- #အချုပ်အားဖြင့်ဆိုသော် ဘယ်လောက်ခွာထိုးရင် အကောင်းဆုံးဖြစ်မလဲဆိုသည်မှာ စမ်းသပ်လေ့လာနေကြဆဲ ဖြစ်ပါသည်၊ ကာကွယ်ဆေးရရှိနိုင်မှုနှင့် ကာကွယ်ဆေးထိုးပေးသူများ၏ သတ်မှတ်ချက်ပေါ် မူတည်၍ မူလပထမအတိုင်း second dose ကို first dose ထိုးအပြီး ၄ ပတ်မှ ၆ ပတ် (သို့မဟုတ်) ၈ ပတ်မှ ၁၂ ပတ် ခွာ၍ ထိုးနိုင်ပါသည်။ ၁၂ ပတ် ကျော်လျှင်လည်း အစမှ ပြန်ထိုးစရာမလိုဘဲ second dose ကို ထိုးနိုင်ပါသည်။
