ကိုဗစ်-၁၉ က မျိုးဗီဇပြောင်းတယ်လို့ကြားသိရပါတယ်။ ဘယ်နှမျိုးလောက်ရှိပြီလဲဆိုတာ ဗဟုသုတ အနေနဲ့ သိချင်ပါတယ်။

✍✍✍2. ကိုဗစ်-၁၉ က မျိုးဗီဇပြောင်းတယ်လို့ကြားသိရပါတယ်။ ဘယ်နှမျိုးလောက်ရှိပြီလဲဆိုတာ ဗဟုသုတ အနေနဲ့ သိချင်ပါတယ်။
- ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) ဟာ ဗိုင်းရပ်စ်ပိုး (Virus) တစ်မျိုးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေရဲ့ သဘောသဘာဝအရ စဉ်ဆက်မပြတ်ပြောင်းလဲနေတတ်တဲ့သဘော (Mutation) ရှိပြီး မျိုးကွဲ (New variant) တွေဖြစ်လာတတ်ပါတယ်။ အချို့သောမျိုးကွဲတွေဟာ လျင်မြန်စွာ ကူးစက်တတ်ခြင်း (သို့မဟုတ်) ရောဂါပြင်းထန်တတ်ခြင်းတို့ဖြစ်စေနိုင်တဲ့အတွက် သေသေချာချာ လေ့လာစောင့်ကြည့် ဖို့လိုအပ်ပါတယ်။
- ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) မှာ ယခုလက်ရှိအချိန်အထိ မျိုးကွဲ (၄) ခုရှိပါတယ်။
👉 B.1.1.7 (Alpha): (၂၀၂၀) ခုနှစ်၊ စက်တင်ဘာလတွင် UK ၌ စတင်တွေ့ရှိ၊
👉 B.1.351 (Beta): (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်အာဖရိက၌ စတင်တွေ့ရှိ၊
👉 P.1 (Gamma): (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလတွင် ဘရာဇီးနိုင်ငံ၌ စတင်တွေ့ရှိ၊
👉 B.1.617.2 (Delta): (၂၀၂၀) ခုနှစ်၊ အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိ၊
တို့ဖြစ်ပါတယ်။

- လေ့လာတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ကာကွယ်ဆေးအများစုဟာ မျိုးကွဲတော်တော်များများကို ကာကွယ်ပေးနိုင်ပြီး ကိုဗစ်-၁၉ ကြောင့် ရောဂါပြင်းထန်ခြင်း၊ ဆေးရုံတက်ရောက်ကုသရခြင်းနှင့် သေဆုံးခြင်းတို့ကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.