#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (6.8.21)

 #ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (6.8.21)

=================================
🚩🚩🚩1. ကျနော် အသက် ၅၁ နှစ်ရှိပါပြီ Covid ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တာ ၁ လ ပြည့်ပါပြီ Antibody ဘယ်လောက်ထွက်တယ်ဆိုတာ သိချင်ပါတယ် ဘယ်လိုလုပ်ရမလဲ ဖြေကြားပေးပါ ခင်ဗျာ
ဖြေ။ Antibody Test သည် မဖြစ်မနေစစ်ရမည့် Test တစ်ခုမဟုတ်ပါ။ Antibody Test သည် ကိုဗစ်ဖြစ်ဖူးသူအများစုတွင် positive ဖြစ်နိုင်ပါသည်။လေ့လာမှုများအရ ကူးစက်ခံရပြီးသူ၏ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းခန့်မှာ antibody negative ဖြစ်နိုင်သည်ဟုလည်း
တွေ့ရှိထားပါသည်။ ယခုအချိန်တွင် ဓာတ်ခွဲခန်းအချို့၌ Antibodyပမာဏ မည်မျှ ရှိပြီဟု အ‌ရေအတွက် နှင့်ဖော်ပြသည့် . .စစ်ဆေးမှုများပြုလုပ်နိုင်သော်လည်း US FDA နှင့်
CDC မှထို Test များ #ပြုလုပ်ရန်အားမပေးပါ။ အဘယ်ကြောင့်ဆိုသော် Antibody ဘယ်လောက်ထွက်ပါက ကိုဗစ် ထပ်မံကူးစက်ခံရခြင်းကို ကာကွယ်ပေးသည်ဟု
သေချာမသိသေးသောကြောင့်ဖြစ်ပါသည်။ ထို့ပြင် Antibody positive ဖြစ်ခြင်းသည် #ကိုဗစ်အားခံနိုင်ရည်ရှိသွားပြီဟုမပြောနိုင်သလို . ကာကွယ်ဆေးထိုးသင့် မထိုးသင့် #အဆုံးအဖြတ်ပေးသောအရာလည်းမဟုတ်ပါ။ ကိုဗစ်ဖြစ်ပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရမည့်အပြင် ကာကွယ်ဆေးရရှိပါကထိုးနှံရန်အကြံပြုလိုပါသည်ခင်ဗျာ
🚩🚩🚩2. Antibody Test Kit တွေအကြောင်းသေချာလေးသိချင်ပါ
တယ်။ Antibody ထွက်တာနဲ့ ကိုဗစ်ပျောက်ပြီလို့ယူဆလို့ရပါသလား
ခင်ဗျာ။ P မဖြစ်ဖူးလည်း စစ်လို့ရပါသလား။ ကျေးဇူးတင်ပါတယ်။
ဖြေ။ Antibody test kit များသည် ကိုဗစ် antigen အားအသုံးပြုထားပြီး စစ်ဆေးခံရသူ၏ ကိုဗစ်ပိုးအား ခန္ဓာကိုယ်မှတုံ့ပြန်ပစ္စည်း(Antibody ) နှင့်ဓာတ်ပြုကာ အနီကြောင်းလေးပေါ်လာပါက positive ဟုခေါ်ပြီး စစ်ဆေးခံရသူတွင် antibody ထွက်ထားသည်ဟု ပြောနိုင်ပါသည်။ လက်ထိပ်မှ သွေးနမူနာယူကာ စစ်ဆေးရခြင်းဖြစ်ပါသည်။ Test kit အများစုတွင် C ၊ G နှင့် M ဟူ၍ပါရှိပြီး မိမိစစ်ဆေးသည့် ရက်ပေါ်မူတည်၍ အဖြေပေါ်သည့် ပုံစံပြောင်းလဲနိုင်ပါသည်။ C တွင်အနီကြောင်းပေါ်မှသာ အဖြေဖတ်လို့ရပါသည်။ C တွင်မပေါ်ပါက #နောက်တစ်ကြိမ်စစ်ဆေးရပါမည်။ M ဆိုသည်မှာ Immunoglobulin M ဟုခေါ်ပြီး လက္ခဏာပေါ်ပြီး ၇ရက်ဝန်းကျင်တွင်ပေါ်နိုင်ပြီး G ဆိုသောImmunoglobulin G မှာ လက္ခဏာပြပြီး ၁၄ရက်ကျော်မှစကာ လပိုင်းအထိ သို့မဟုတ် နှစ် နဲ့ချီ၍ ပေါ်နိုင်သည်ဟုဆိုပါသည်။အဖြေမှာ C တစ်ခုတည်း ပေါ်ခြင်း ၊ C နှင့် G ပေါ်ခြင်း၊ C, G နှင့် Mသုံးခုစလုံးပေါ်ခြင်း စသဖြင့်ဖြစ်နိုင်သည်။ C တစ်ခုပဲ ပေါ်ခြင်းသည်မိမိ၏စစ်ဆေးမှုမှ antibody မတွေ့ရှိဟု သာပြောနိုင်ပါသည်။Antibody မရှိဟုပြောခြင်းမဟုတ်ပါ။ Antibody မှာ ကိုဗစ်ဖြစ်ဖူးလျှင်အချိန်ကာလပေါ်မူတည်၍အနည်းနှင့်အများရှိမည်သာဖြစ်ပါသည်။အချိန်ကြာသည်နှင့်အမျှ antibody level မှာ တဖြည်းဖြည်းနည်းသွားနိုင်သည်ဟုယူဆကြပါသည်။ လေ့လာနေကြဆဲ ဖြစ်ပါသည်။
ကိုဗစ်ကူးစက်ခံရသူများ၏၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းတွင် Antibody စစ်ဆေးပါက
negativeထွက်ပါသည်ဟုလေ့လာမှုများ ကဆိုကြပါသည်
ကိုဗစ်ပျောက်မပျောက်ကို Antibody #ထွက်မထွက်ဖြင့်ဆုံးဖြတ်၍မရပါ။ ကိုဗစ်ပိုးသည် ဗိုင်းရပ်ပိုး ဖြစ်သောကြောင့် ခန္ဓာကိုယ်မှ ပြန်လည်တိုက်ခိုက်မည်သာဖြစ်ပြီး ခုခံအားကောင်းနေသူများတွင် ဗိုင်းရပ်ပိုးပမာဏ မှာ လက္ခဏာပြပြီး ၁၀ရက်ခန့်တွင် အတော်လျော့နည်းသွားပါသည်။ ကူးစက်ခံရပြီး ရောဂါပြင်းထန်သူ သေဆုံးသူများတွင်လည်း
Antibody ပေါ်နေနိုင်သည်ကိုသတိပြုစေလိုပါသည်။ကိုဗစ်ပျောက်ကင်းသည်ဆိုသည်မှာ ကိုဗစ်ကြောင့်ဖြစ်သော အဆုတ်ရောင်ခြင်းအပါအဝင်ရောဂါလက္ခဏာများသက်သာလာကာ လတ်တလော အသက်အန္တရာယ် မရှိတော့ခြင်းကိုခေါ်ဆိုခြင်းမျိုး ဖြစ်သင့်ပါသည်။
Antigen test တွင် P ( positive ) ထွက်ပြီး antibody ထွက်ပါက #လတ်တလောကူးစက်မှု ( Recent infection ) ဟု အကြမ်းဖျင်းပြောနိုင်ပြီး P မဖြစ်ဘဲ စစ်ဆေး၍ positive ထွက်ပါက လတ်တလောကူးစက်မှုလည်း ဖြစ်နိုင်သလို ယခင်ကကူးစက်ဖူးခြင်း ( Previous Infection) လည်းဖြစ်နိုင်ပါသည်။Antibody တွေ့သည် ဖြစ်စေ မတွေ့သည်ဖြစ်စေ ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကိုလိုက်နာရမည့်အပြင် ကာကွယ်ဆေးရရှိပါက ထိုးနှံရန်အကြံပြုလိုပါသည်ခင်ဗျာ။
🚩🚩🚩3. Post Covid ဆေးစစ်ချက်..ဒါမှမဟုတ်..နောက် ၁ လကျော်လောက်ကြာအပြီးမှာ Covid နဲ့ဆက်စပ်နော​က်ဆက်တွဲဆိုးကျိုးတွေကို ရှောင်နိုင်ဖို့ ဆေး..သွေးစစ်ဖို့လိုအပ်ပါသလားရှင်...လိုအပ်ရင် စစ်ရမယ့်အမျိုးအစားများကိုသိချင်ပါတယ်ရှင်..လူကြီး ..လူငယ် စစ်ရမယ့်အမျိုးအစားမတူရင်လဲခွဲပြောပေးပါဦးရှင်..ကျေးဇူးတင်ပါတယ်
ဖြေ။ Positive ဖြစ်ဖူးသော်လည်း ရောဂါမပြင်းထန်သူ အောက်ဆီဂျင်အထောက်အကူယူစရာမလိုသူ၊ ရောဂါခံမရှိသူ၊ လတ်တလော လက္ခဏာမရှိသူများအနေဖြင့် ထူးထွေသောစစ်ဆေးမှုများမလိုအပ်တတ်ပါ။ မိမိစစ်ဆေးလိုပါက #ဆရာဝန်နှင့်တိုင်ပင်ပြီးစစ်ဆေးခြင်းသည်သာအကောင်းဆုံးဖြစ်ပါသည်
🚩🚩🚩4. ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး တပတ်ကြာ စစ်ဆေးရင် ကိုဗစ်၁၉ - p- ဖြစ်နိုင်လား
ဖြေ။ ဖြစ်နိင်ပါသည်။
ကိုဗစ် Antigen Test kit positive ဖြစ်ပါက လတ်တလော ကိုဗစ်ဝင်နေ ခြင်းကိုပြပါသည်။ ကာကွယ်ဆေး အစွမ်းပြနိုင်ရန် နှစ်ပတ်ခန့်စောင့်ရမည့်အပြင် မည်သည့်ကာကွယ်ဆေးကမှ ရာနှုန်းပြည့်မကာကွယ်နိုင်ပါ။ ထို့ကြောင့် ကာကွယ်ဆေးထိုးဖူးသည်ဖြစ်စေ မထိုးဖူးသည်ဖြစ်စေ P ထွက်ပါက #လတ်တလောကူးစက်ခြင်း ( current infection) ဟုသာ သတ်မှတ်ရပါမည်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.