
#ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (30.7.21)
=================================
Δ ဖြေ။ လေ့လာမှုများအရ မျက်စိအပေါ်ယံအမြှေးပါးအလွှာ ခြောက်သွေ့ခြင်းပြဿနာကို ကြုံတွေ့ရနိုင်ကြောင်းဆိုပါတယ်။ ၎င်း၌ မျက်စိယားယံခြင်း၊ ခို့လို့ခုလု ခံစားရခြင်း၊ မျက်စိနီရဲခြင်း၊ အလင်းရောင်ကို မခံနိုင်ခြင်း တို့ ခံစားရတတ်ပါတယ်။
ရောဂါပြင်းထန်စွာ ခံစားခဲ့ရပြီး စတီးရွိုက်ဆေးများဖြင့် ကုသမှု ခံယူခဲ့ရသူများတွင် ရောဂါမှ သက်သာပြီး ၁၂ ရက်မှ ၁၅ ရက်အကြာ၌ မျက်စိ၊ နှာခေါင်းနှင့် နားအတွင်းတို့၌ ရှားပါးမှိုစွဲသည့် ရောဂါခံစားရတတ်ကြောင်း အိန္ဒိယရှိ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ၎င်း၌ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မျက်လုံး ရောင်ခြင်း၊ နာကျင်ခြင်း၊ အပေါ်ဘက်မျက်ခွံတွဲကျခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်စိကွယ်ခြင်းတို့ ခံစားရတတ်ပါတယ်။
အချို့သူများတွင် မျက်လုံးအမြင်လွှာသို့ ထောက်ပံ့သော သွေးကြောမွှာလေးအတွင်း သွေးခဲမှုကြောင့် အမြင်အာရုံဆုံးရှုံးမှု ဖြစ်နိုင်ကြောင်းလည်း တွေ့ရှိရပါတယ်။
Δ ဖြေ။ တစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာ ခံစားရပုံခြင်း မတူညီ ကွဲပြားနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရပြီးနောက် လက္ခဏာစတင် ပြသခြင်းသည် အများစု၌ ၄ ရက်မှ ၅ ရက်အတွင်းတွင်ဖြစ်သော်လည်း အချို့တွင် ၂ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ကိုယ်ခံအားအခြေအနေ၊ အခြားရောဂါများရှိမရှိ၊ ရောဂါပိုးဝင်ရောက်မှု အခြေအနေတို့ပေါ်တွင် မူတည်နိုင်ပါတယ်။
Δ ဖြေ။ အသက်အရွယ်၊ ကိုယ်ခံအားအခြေအနေ၊ အခြားရောဂါအခံများရှိမရှိ၊ ရောဂါပိုးဝင်ရောက်မှု အခြေအနေတို့ပေါ်တွင် မူတည်နိုင်ပါတယ်။
Δ ဖြေ။ ပထမတစ်ကြိမ်ဖြစ်ခြင်းသည် ကိုဗစ်-နိုင်တင်းဖြစ်ခြင်း သေချာပါက ရောဂါလက္ခဏာများမှ သက်သာလာပြီး ၂၁ ရက်မြောက်နေ့မှ ပြန်ဖြစ်ခြင်းသည် ကိုဗစ်၏ နောက်ဆက်တွဲ လက္ခဏာများ ခံစားရခြင်း ဖြစ်နိုင်ပါတယ်။ ၎င်းကြောင့်ဖြစ်ပါက ကူးစက်နိုင်သည့် အန္တရာယ်မရှိသဖြင့် သီးခြားခွဲနေရန် မလိုအပ်ပါ။ နောက်ဆက်တွဲလက္ခဏာများနှင့် ပတ်သက်၍ အောက်ပါပို့စ်၏ မေးခွန်း (၁)တွင် ဖတ်ပေးပါ။ https://www.facebook.com/ckcmohnugmm/posts/119130873772501
အကယ်၍ ပထမတစ်ကြိမ်ဖြစ်ခြင်းသည် ကိုဗစ်-နိုင်တင်းဖြစ်ခြင်း သေချာမှု မရှိပါက ၂၁ ရက်မြောက်နေ့မှ ရောဂါလက္ခဏာများ ခံစားရခြင်းသည် ကိုဗစ်ရောဂါပိုး ကူးစက်ခံရခြင်း ဖြစ်နိုင်သဖြင့် မိသားစုနှင့် သီးခြား ခွဲနေထိုင်ရန် ထပ်မံလိုအပ်မည် ဖြစ်ပါတယ်။
Δ ဖြေ။ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာများ ခံစားရခြင်း ဖြစ်နိုင်ပါတယ်။ ကူးစက်မှု မရှိနိုင်တော့သဖြင့် မိသားစုနှင့် အရင်အတိုင်း ပြန်နေနိုင်ပါတယ်။ နောက်ဆက်တွဲလက္ခဏာများနှင့် ပတ်သက်၍ အောက်ပါပို့စ်၏ မေးခွန်း (၁)တွင် ဖတ်ပေးပါ။ https://www.facebook.com/ckcmohnugmm/posts/119130873772501
Δ ဖြေ။ ကိုဗစ်ရောဂါတွင် ရောဂါလက္ခဏာခံစားရပုံများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ အဆုတ်ထိခိုက်ခြင်းဖြစ်ပါက အသက်ရှုရခက်ခြင်း၊ မောခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ခံစားရနိုင်ပါတယ်။ သို့ရာတွင် ကိုဗစ်နိုင်တင်း ရောဂါ၏ ထူးခြားချက်တစ်ခုအနေဖြင့် အချို့လူနာများတွင် သွေးတွင်းအောက်ဆီဂျင် လျော့နည်းနေသော်လည်း အသက်ရှုကြပ်ခြင်း လက္ခဏာများ ခံစားရလေ့မရှိသည်ကိုလည်း တွေ့ရှိရပါတယ် (silent hypoxia)။ လေ့လာတွေ့ရှိချက်များအရ ပိုးကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေပြပြီး ပထမတစ်ပတ်ကျော်လွန်ပါက တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်။ ၁၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေကတော့ ရောဂါလက္ခဏာပြပြီး (၅ ရက်မှ ၈ ရက်ကြား) ဒုတိယအပတ်မှ စပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပြီး သွေးတွင်း အောက်ဆီဂျင် SPO2 92% အောက်ကို ကျလာလေ့ရှိကာ ကုသမှုခံယူရလေ့ရှိပါတယ်။ ကျန်တဲ့ ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများခံစားရလေ့ရှိပြီး အသက်ရှူစက် အသုံးပြုရသည့် ကုထုံးများဖြင့် ကုသမှု ခံယူရလေ့ရှိကာ အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။
Δ ဖြေ။ သွေးခဲခြင်းလက္ခဏာများအနေဖြင့် ခြေထောက်အတွင်းပိုင်းသွေးပြန်ကြောများတွင် သွေးခဲခြင်းဖြစ်ပါက ခြေသလုံးများ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတို့ ခံစားရနိုင်ပြီး အဆုတ်သွေးကြောများတွင် သွေးခဲခြင်းဖြစ်ပါက အသက်ရှုရခက်ခဲခြင်း၊ မောခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း၊ နှလုံးသွေးကြောတွင် ဖြစ်ပွားပါက ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ဦးနှောက်သွေးကြောတွင် ဖြစ်ပွားပါက လေဖြတ်ခြင်း တို့ခံစားရနိုင်ပါတယ်။ ကိုဗစ်ရောဂါ၏ နောက်ဆက်တွဲ လက္ခဏာများတွင်လည်း ခေါင်းကိုက်ခြင်းများ ခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲလက္ခဏာများနှင့် ပတ်သက်၍ အောက်ပါပို့စ်၏ မေးခွန်း (၁)တွင် ဖတ်ပေးပါ။ https://www.facebook.com/ckcmohnugmm/posts/119130873772501
Δ ဖြေ။ ကျေးဇူးပြု၍ အောက်ပါပို့စ်၏ မေးခွန်း (၁) အဖြေကို ဖတ်ရှုပေးပါ။
Δ ဖြေ။ ကိုဗစ်ရောဂါတွင် ရောဂါလက္ခဏာခံစားရပုံများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ ပိုးကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေပြပြီး ပထမတစ်ပတ်ကျော်လွန်ပါက တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်။ ၁၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာများ စတင်ခံစားရပြီး ဒုတိယအပတ်တွင် အောက်ဆီဂျင်ကျဆင်းခြင်း၊ အသက်ရှုခက်ခဲခြင်းစသည့် ပြင်းထန်သော ရောဂါလက္ခဏာများကို ခံစားရလေ့ရှိပြီး ခန္ဓာကိုယ်နေရာအနှံ့သွေးကြောများအတွင်း သွေးခဲခြင်း၊သွေးပြန်ကြောများတွင် သွေးခဲခြင်းနှင့် အဆုတ်သွေးကြောများတွင် သွေးခဲခြင်း အန္တရာယ်တို့ရှိပါတယ်။ ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ဒုတိယပတ်ကျော်သည်အထိ ထို့ထက်ပြင်းထန်သော ရောဂါလက္ခဏာများကို ဆက်လက်ခံစားရပြီး အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။ ထို့အပြင် ကိုဗစ်မှ သက်သာလာသူအချို့တို့တွင်လည်း နောက်ဆက်တွဲ သွေးခဲခြင်းပြဿနာများကို လအနည်းငယ်ကြာသည်အထိ ကြုံတွေ့ရနိုင်ပါသေးတယ်။
