
#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (16.7.21)
=================================
Answer: Positive ဖြစ်ပြီး အပေါ့စားမှ အလယ်အလတ် ရောဂါလက္ခဏာ ခံစားရသူများတွင် လက္ခဏာပေါ်သည့်ရက်မှ ၁၀ ရက်ကျော်လျှင်၊ အဖျားကျဆေး သောက်စရာမလိုဘဲ မဖျားတာ
၂၄ နာရီ ရှိပြီဆိုလျှင်၊ ကိုဗစ်၏ လက္ခဏာများ (ချောင်းဆိုး၊ မောပန်းခြင်း) သက်သာသွားလျှင် ရောဂါပျောက်/ မပျောက် ပြန်လည်စစ်ဆေးစရာမလိုဘဲ ကိုဗစ်ရောဂါ ပျောက်ကင်းပြီဟု ယူဆကာ ဆေးရုံပေးဆင်းနိုင်ပါသည်။
- ထပ်မံစစ်ဆေးလျှင် PCR ဖြင့် စစ်ပါက ကိုဗစ်ပိုးတွေ့နိုင်သေးသော်လည်း တခြားသူသို့ #မကူးစက်နိုင်တော့ပါ။
- သို့ရာတွင် လက်ဆေး၊ mask တပ်၊ ခြောက်ပေခွာ နေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမည်။
Answer: ပထမအကြိမ်ဖြစ်ဖူးသော်လည်း နောက်တစ်ကြိမ်ဖြစ်နိုင်သေးသည်ဟုဆိုပါသည်။
- လက်ဆေးပါ။ Mask တပ်ပါ။ ခြောက်ပေခွာနေပါ။
- ကာကွယ်ဆေးရတဲ့အခါ ထိုးနှံဖို့ အကြံပြုလိုပါသည်။
Answer: ကိုဗစ် အတွက် Rapid Antigen test kit တွေဟာ Covid 19 အတွက် သီးသန့် ထုတ်ထားတာ ဖြစ်ပြီး အရမ်းကို specific ဖြစ်ပါတယ်။ ကိုဗစ်ပိုးရှိနေမှ positive လို့ အဖြေထွက်ပါတယ်။
- သူ့ရဲ့ specificity (ပိုးမတွေ့ရင် negative ပြနှုန်း)က ၉၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။
- ရာသီတုပ်ကွေးတို့ အအေးမိတာတို့ဆိုရင်တော့ antigen test kit မှာ positive ပြမှာ မဟုတ်ပါဘူး။
- Rapid test kit ဆိုပေမယ့် antigen ကို စစ်တာမဟုတ်ဘဲ antibody ကို စစ်တဲ့ သွေးဖောက်စစ်ရတဲ့ test kit မျိုးဆိုရင်တော့ ကိုဗစ်ရှိ/ မရှိစစ်ဆေးရာမှာ အသုံးမဝင်ပါဘူး။ သွေးဖောက်စစ်ရတဲ့ test kit မှာတော့ ပေါ့စတစ်ထွက်ရင်တောင် ကိုဗစ်ကူးဖူးတာလား၊ အအေးမိဗိုင်းရပ်စ် ဝင်ဖူးတာလား သဲသဲကွဲကွဲ မသိနိုင်ပါ။
- SD Biosensor ကဲ့သို့ နှာခေါင်းတို့ဖတ်ယူ၍စစ်ရသည့် antigen test kit များတွင် ကိုဗစ်ပိုးအား စမ်းသပ်နိုင်စွမ်းမှာ ၈၈ ရာခိုင်နှုန်းအထိ ရှိပါသည်။
Answer: အဖြေအတွက် မေးခွန်းနံပါတ် (၁) အား ပြန်လည်ဖတ်ရှုပေးပါ။
- Antigen test လည်း ပြန်စစ်ဖို့ မလိုသလို Antibody test လည်း စစ်စရာမလိုပါ။
- ရက်ပြည့်အောင် အနားယူပြီး ကိုဗစ်အတွက် လက်ဆေး၊ mask တပ်၊ ခပ်ခွာခွာနေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပါ။
