"နှာခေါင်းစည်း (Mask) အမျိုးအစားများကို ရွေးချယ်ဝတ်ဆင်ခြင်း"
*** ဆေးရုံသုံး နှာခေါင်းစည်း (Medical Mask) ကို ဝတ်ဆင်သင့်သူများ ***
၁။ ကုသရေးလုပ်ငန်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ
၂။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသည့် ရောဂါလက္ခဏာ ရှိသူများ
၃။ ကိုဗစ်-၁၉ ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းနေသူများ (သို့မဟုတ်) ကိုဗစ်-၁၉ အတည်ပြုလူနာများ
၄။ ကိုဗစ်-၁၉ သံသယလူနာ (သို့မဟုတ်) အတည်ပြုလူနာကို ပြုစုစောင့်ရှောက်ပေးနေသူများ
၅။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပါက ရောဂါပြင်းထန်စွာခံစားရနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ခြေရှိသူများ
- အသက် (၆၀) နှစ် နှင့်အထက် သက်ကြီးရွယ်အိုများ
- နာတာရှည်ရောဂါအခံရှိသူများ (နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်သူများ၊ ခုခံအားကျဆင်းနေသော လူနာများနှင့် ဆီးချိုရောဂါရှိသူများ)
*** အဝတ်နှာခေါင်းစည်း (Non-medical, Fabric Mask) ကို ဝတ်ဆင်နိုင်သူများ ***
၁။ နာတာရှည်ရောဂါအခံ မရှိသော အသက် (၆၀) နှစ်အောက် ပြည်သူများ
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေး အစိုးရ
NUG ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page-
NUG MOH တယ်လီကျန်းမာဆေးခန်းတွင် အကြံဉာဏ်နှင့် ကုသမှုခံယူရန်-
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ မှန်ကန်သော သိကောင်းစရာဗဟုသုတများ သိရှိမေးမြန်းနိုင်ရန်-

