
အဝတ်နှာခေါင်းစည်းများ ပြုလုပ်ရာတွင် အဝတ်စအမျိုးမျိုးကို အသုံးပြု၍ ရပါသည်။
ဝတ်ဆင်သင့်သော အဝတ်နှာခေါင်းစည်း
● ခပ်စိပ်စိပ်ရက်လုပ်ထားပြီး အသက်ကောင်းစွာရှူ၍ရသော အဝတ်စအလွှာများဖြင့် ချုပ်လုပ်ရမည်။
● နှာခေါင်းတွင် အံဝင်ခွင်ကျဖြစ်အောင် ထိန်းပေးသော ကော်ချောင်း (သို့မဟုတ်) သတ္တုချောင်းပါရမည်။
● စူးရှသောအလင်းရောင်ကို နောက်ခံထား၍ ထောင်ကြည့်ပါက အလင်း မဖောက်နိုင်သော အဝတ်စ အမျိုးအစားကို အသုံးပြုရမည်။
ရောဂါပိုးကို မကာကွယ်နိုင်သဖြင့် မဝတ်ဆင်သင့်သော အဝတ်နှာခေါင်းစည်း
● လေရှူပေါက် (Exhalation valves or vents) ပါသော အဝတ်နှာခေါင်းစည်း။
● တစ်လွှာတည်းချုပ်ထားခြင်း (သို့မဟုတ်) စူးရှသောအလင်းရောင်ကို နောက်ခံထား၍ ထောင်ကြည့်ပါက ပါးလွှာ၍ အလင်းဖောက်သော အဝတ်နှာခေါင်းစည်း။
ဘယ်အချိန်တွေမှာ ဝတ်ဆင်သင့်လဲ
● နေအိမ်တွင်ဖြစ်စေ (သို့မဟုတ်) နေအိမ်ပြင်ပတွင်ဖြစ်စေ အတူနေမိသားစုဝင် မဟုတ်သူများနှင့် တွေ့ဆုံသည့်အချိန်တိုင်း ဝတ်ဆင်ထားပါ။
ယခုပိုစတာကို Download ရယူရန်-
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(ဇူလိုင်လ၊ ၂၀၂၁ ခုနှစ်)
"ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် COVID-19 ရောဂါကို အနိုင်ယူပါ"
--------------------------
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ရုပ်သံဗီဒီယိုများကို တစ်စုတစ်စည်းတည်း Download ရယူရန်-
သို့မဟုတ်
သို့မဟုတ်
