
#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (3.8.21)
=================================
ဖြေ။ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားသော်လည်း အနည်းစုသောလူတွေ မှာ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကို “Vaccine breakthrough cases” လို့ခေါ်ပါတယ်။ မည်သည့် ကာကွယ်ဆေးမဆို ရောဂါကို (၁၀၀) ရာခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ ဘယ်ကာကွယ်ဆေးမဆို လူရဲ့ အသက်အရွယ်၊ ရောဂါအခံရှိ/မရှိ၊ ကိုယ်ခံအားစနစ် စတာတွေအပေါ်မူတည်ပြီး Breakthrough infection တွေရှိတတ်ပါတယ်။ ထို့အပြင် ဗိုင်းရပ်စ်ပိုး မျိုးကွဲများကြောင့်လည်း ရောဂါပိုးကူးစက်ခံရခြင်းများ ဖြစ်နိုင်ပါတယ်။
- လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေပါတယ်။
မေးခွန်းများအရ ကိုဗစ်ကူးစက်ခံရသူ ၂ ဦးလုံးမှာ ပြင်းထန်သော လက္ခဏာများ ခံစားခဲ့ရခြင်း မရှိဟု တွေ့ရပါတယ်။ ကာကွယ်ဆေးကို နောက်တစ်ကျော့ ထပ်မံထိုးရန် မလိုအပ်ပါ။ ကာကွယ်ဆေးအများစုမှာ ဗိုင်းရပ်စ်မျိုးကွဲများကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်သည်ဆိုသော်လည်း ၎င်းတို့ကြောင့် ကူးစက်ခံရခြင်းများ ဖြစ်နိုင်သဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
ဖြေ။ ကာကွယ်ဆေးထိုးသင့်လားမေးခွန်းနှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်မှ မေးခွန်း ၄ ကို ဖတ်ပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/120773516941570
တုပ်ကွေးကာကွယ်ဆေး (Flu vaccine) မှာ တုပ်ကွေးရောဂါကိုသာ ကာကွယ်နိုင်မည်ဖြစ်ပြီး ကိုဗစ်ရောဂါကို ကာကွယ်နိုင်ခြင်း မရှိပါ။
ဖြေ။ ယခုထိုးနေသာ ကာကွယ်ဆေးအမျိုးအစားနှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်မှ မေးခွန်း ၄ ကို ဖတ်ပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/120773516941570
အသက် ၆၅ နှစ်အထက်ရှိသူများတွင် ကာကွယ်ဆေးထိုးရမည့်ကိစ္စနှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်မှ မေးခွန်း ၂ ကို ဖတ်ပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/120754490276806
Covaxin ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အသိအမှတ် ပြုထားခြင်း မရှိသေးပါ။ ၎င်းဆေးအကြောင်းကို ဖော်ပြပါပိုစ့်မှ မေးခွန်း ၂ ကို ဖတ်ပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/110519997966922
ဖြေ။ ကိုယ်ခံအားလျော့နည်းစေသောဆေးများကြောင့် ကာကွယ်ဆေးပေါ်တွင် ခန္ဓာကိုယ်၏ တုံ့ပြန်မှု အားနည်းနေနိုင်သဖြင့် ကာကွယ်ဆေး၏အာနိသင်မှာ လျော့နည်းကောင်းလျော့နည်းနိုင်ပါတယ်။ အများအားဖြင့် ကိုယ်ခံအားနည်းနေသူများတွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ပြင်းထန်စွာခံစားရနိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ရန် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက အကြံပြုထားပါတယ်။ သို့ရာတွင် မူလရောဂါ၏ အခြေအနေ၊ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်နှင့် ကာကွယ်ဆေးမထိုးခြင်းကြောင့် ကြုံရနိုင်သည့် အန္တရာယ်များကို ချိန်ဆနှိုင်းယှဉ်ပြီးမှသာ ကာကွယ်ဆေးထိုးသင့်မထိုးသင့်၊ ကိုယ်ခံအားလျော့နည်းစေသောဆေးများ ရပ်သင့်/မသင့် စဉ်းစားရမည် ဖြစ်သဖြင့် ကုသမှုပေးနေသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုပါတယ်။ ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ရန် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။
ဖြေ။ Sinopharm ကာကွယ်ဆေး အပါအဝင် ယခုလက်ရှိ အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကို ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲများအတွက် ကာကွယ်နိုင်ရန် ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ သို့သော် Sinopharmကာကွယ်ဆေးကို ၎င်းမျိုးကွဲများပေါ်၌ အာနိသင်ရှိမှု ပမာဏနှင့် ပတ်သက်၍ လေ့လာနေဆဲ ဖြစ်ကြောင်း ဆိုပါတယ်။
ဖြေ။ - မိမိတွင် ဓာတ်မတည့်ခြင်း တစ်ခုခု ဖြစ်ဖူးခြင်း (သို့မဟုတ်) သွေးရောဂါတစ်ခုခုရှိခြင်းသည် ကာကွယ်ဆေးမထိုးသင့်ဘူးဟူ၍ ဆိုလိုခြင်း မဟုတ်သည်ကို သိရပါမည်။
- သို့သော် ကာကွယ်ဆေးမထိုးခင်တော့ ထိုအရာများကို ကျန်းမာရေးဝန်ထမ်းများကို ဦးစွာ ပြောပြထားရန် လိုအပ်ပါသည်။ ကာကွယ်ဆေးထိုးထားပြီးလျှင်လည်း ဓာတ်မတည့်မှုဖြစ်ပေါ်ခြင်း ရှိ/မရှိ သေချာစောင့်ကြည့်ဖို့ လိုအပ်ပါသည်။ (ဓာတ်မတည့်ခြင်းလက္ခဏာများကို အောက်ရှိ မေးခွန်း ၁၀ တွင် ဖော်ပြထားပါသည်)
- သွေးရောဂါရှိသူများအတွက် သတိထားရမည့်အချက်ကို အောက်ရှိ မေးခွန်း ၉ တွင် ဆက်လက်ဖတ်ရှုပေးပါ။
ဖြေ။ - ဗိုင်းရပ်စ်ပိုး သယ်ဆောင်သောပိုး (viral vector) မှတစ်ဆင့် ထုတ်လုပ်ထားသော #SputnikV ခေါ် Gam-Covid-Vac ကာကွယ်ဆေးကို ရုရှားနိုင်ငံရှိ Gamaleya Research Institute of Epidemiology and Microbiology အဖွဲ့အစည်းမှ ထုတ်လုပ်ပြီး အပူချိန် 2-8⁰C တွင် cold chain ဖြင့် သိုလှောင်ထားရှိရပါသည်။ ကမ္ဘာပေါ်ရှိ ကိုဗစ်ကာကွယ်ဆေး Viral vector vaccine များထဲတွင် အစောဆုံး မှတ်ပုံတင်ထားသော ကာကွယ်ဆေးတစ်ခုလည်း ဖြစ်ပါသည်။
- အခြား Viral vector vaccine များဖြစ်ကြသော Oxford-AstraZeneca နှင့် Johnson & Johnson တို့နှင့် မတူသည့် အချက်မှာ Sputnik V တွင် Adenovirus ခေါ် တုပ်ကွေးရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးရဲ့ မတူညီသည့် viral vector နှစ်မျိုးကို သုံးပြီး တစ်ခုစီကို ပထမ dose (Adenovirus vector 1 – AD26) နှင့် ဒုတိယ dose (Adenovirus vector 2 – AD5) အနေဖြင့် ၂၁ ရက်ခြားကာ ၂ ကြိမ်ထိုးရပါသည်။ (မှတ်ချက်။ ဗိုင်းရပ်စ်တွေကို နည်းပညာသုံးကာ မျိုးဗီဇပြုပြင်ထားတာကြောင့် ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးထပ်မံပွားများတာ၊ ရောဂါဖြစ်စေတာတွေ မရှိတော့ပါ)
- Sputnik V ၏ ရောဂါကာကွယ်နိုင်စွမ်းမှာ 91.6% ရှိပြီး ရောဂါပြင်းထန်မှုကို 100% လျှော့ချနိုင်သည်ဟု တွေ့ရပါသည်။ (လက်ရှိဖြစ်ပွားနေတဲ့ ဒယ်လ်တာ (Delta) မျိုးကွဲကိုတော့ 90% ကာကွယ်နိုင်သည်ဟု ဆိုပါသည်)
- Sputnik V ကို အသက် ၁၈ နှစ်မှစ၍ ထိုးနှံနိုင်ပါသည်။ နို့တိုက်မိခင်များတွင် ထိုးနှံနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များအတွက်မူ ထိုးသင့်/ မထိုးသင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ချိန်ဆရပါမည်။
- လက်ရှိ ကိုဗစ်ရောဂါခံစားနေရသူများ၊ ဖျားနေသူများ၊ ကာကွယ်ဆေးရှိ ပါဝင်ပစ္စည်းများနှင့် မတည့်သူများ မထိုးရပါ။ (ပထမအကြိမ်ထိုးပြီး ဆိုးရွားစွာ ဓာတ်မတည့်မှုဖြစ်ပါက ဒုတိယအကြိမ် မထိုးသင့်ပါ)
- ဘေးထွက်ဆိုးကျိုးများအနေဖြင့် ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်းအပြင် ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ နုံးခြင်း၊ အရေပြားတွင် အနီစက်ထွက်ခြင်းတို့ ရှိနိုင်ပါသည်။
- Sputnik V ကို ကမ္ဘာ့နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် အသုံးပြုနေပေမယ့် WHO ၏ အသိအမှတ်ပြုထောက်ခံချက် (approval) ရရှိရန် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။
ဖြေ။ - မမှန်ပါ။ လက်ရှိ ကိုဗစ်ကာကွယ်ဆေးများကြောင့် မျိုးပွားအင်္ဂါအဖွဲ့အစည်းကို မထိခိုက်နိုင်ပါ။
- ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတွင် ကိုဗစ်ကာကွယ်ဆေးမထိုးမီ မိမိထိုးမည့် ကိုဗစ်ကာကွယ်ဆေးအမျိုးအစားကို ထိုးလို့ ရ/ မရ ဆရာဝန်နှင့် ဦးစွာ တိုင်ပင်ဆွေးနွေးရပါမည်။
ဖြေ။ - သွေးမတိတ်သော ရောဂါ (သို့မဟုတ်) Warfarin၊ Aspirin၊ Clopidogrel ကဲ့သို့ သွေးကျဲဆေးများ သောက်နေရသူများတွင် ကိုဗစ်ကာကွယ်ဆေး မထိုးမီ မိမိရောဂါအကြောင်းကို ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ ကာကွယ်ဆေး ထိုးရပါမည်။
- ထိုသူတို့တွင် ကာကွယ်ဆေးထိုးပြီးနောက် ဆေးထိုးသည့်နေရာတွင် သွေးထွက်ခြင်း (သို့မဟုတ်) သွေးခြေဥခြင်းတို့ ဖြစ်နိုင်သဖြင့် တစ်ဦးချင်းစီ၏ လက်ရှိရောဂါအခြေအနေပေါ် မူတည်၍ ကာကွယ်ဆေးထိုးလို့ ရ/မရ ကွာခြားနိုင်ပါသည်။
