
#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (23.7.21)
=================================
ဖြေ။ တီဘီဆေးသောက်နေသူများ ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ ဆေးမထိုးမီ ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းနှင့် ဆွေးနွေးထားရပါမယ်။ ကာကွယ်ဆေးထိုးပြီးခါစတွင် ဖြစ်လေ့ရှိသော ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းများနှင့် တီဘီဆေးကြောင့် ဖြစ်ပေါ်နိုင်သော ဆေးမတည့်ခြင်းလက္ခဏာများနှင့် ရောထွေးမှုမရှိစေရန် သတိပြုရပါမယ်။
ဖြေ။ ကာကွယ်ဆေး အများစုမှာ ဗိုင်းရပ်စ်မျိုးကွဲများကြောင့် ဖြစ်ပေါ်နိုင်သော ပြင်းထန်သော ကိုဗစ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ၎င်းကာကွယ်ဆေးများအကြောင်းကို https://www.facebook.com/ckcmohnugmm/posts/114728104212778 ၊ https://www.facebook.com/ckcmohnugmm/posts/113457701006485 ၊ https://www.facebook.com/ckcmohnugmm/posts/110519997966922 နှင့် https://www.facebook.com/ckcmohnugmm/posts/116653550686900 တို့တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
#ကိုဗစ်အထွေထွေမေးခွန်းများ (23.7.21)
=================================
Answer : အထွေထွေကျန်းမာရေးအတွက် လျှော့စားရမည့် သို့မဟုတ် ရှောင်ကြဥ်ရမည့် အရာများကို ကိုဗစ်လူနာများတွင်လည်း လျှော့ပေါ့စားသုံးခြင်း သို့မဟုတ် ရှောင်ကြဥ်ခြင်းများပြုလုပ်ရပါမည်။ ဥပမာအားဖြင့် ဆေးလိပ်နှင့်အရက်ကိုရှောင်ကြဥ်ခြင်း၊ အဆီလျှော့စားခြင်း၊အငန်လျှော့စားခြင်းနှင့်ချိုလွန်းသောအစားအသောက် များလျှော့စားခြင်းတို့ဖြစ်ပါသည်။
Answer : အစားအသောက်ကြောင့်ချွဲထစေသည်ဟု လေ့လာတွေ့ရှိချက် များမရှိပါ။ထို့ကြောင့်နွားနို့သောက်နိုင်ပါသည်။နွားနို့တွင် ကာဗိုဟိုက်ဒရိတ်၊အသားဓာတ်၊အဆီဓာတ်
နှင့် ဗီတာမင်သတ္တုဓာတ်များ ပါဝင်သောကြောင့်အာဟာရပြည့်ဝပါသည်။ပဲပြုတ်တွင် ဆော်ဒါထည့်တတ်ကြသော်လည်း လူကိုဘေးအန္တရာယ်ဖြစ်လောက်သောပမာဏမဟုတ်ပါ။ထို့ကြောင့် စားသုံးနိုင်ပါသည်။
Answer: ကူးစက်ခံရသူအများစုမှာ အပျော့စား သို့မဟုတ် အလယ်အလတ် လက္ခ
ဏာများ ခံစားရခြင်းဖြစ်၍ နှစ်ပတ်အတွင်း ပြန်ကောင်းတတ်ပါသည်။ရောဂါပြင်းထန်သောသူများတွင်မူ သုံးပတ် မှခြောက်ပတ်အထိကြာတတ်ပါသည်။ လူနာ၏ ရောဂါအခံ၊ ကိုဗစ်၏ ပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာ များအပေါ်မူတည်၍ ပြန်ကောင်းရန်ကြာချိန် အပြောင်းအလဲရှိနိုင်ပါသည်။
Answer:လူနာနေ့စဥ် စားသုံးသောအစားအစာသည် အာဟာရပြည့်
ဝသော အစားအသောက်မျိုးဖြစ်သင့်ပါသည်။ထမင်း၊ပေါင်မုန့်၊အသား၊ငါး၊ပဲအမျိုးမျိုး၊ကြက်ဥ၊နို့နှင့်နို့ထွက်ပစ္စည်းများ၊ပဲနို့၊ချဥ်၍ အရည်ရွှမ်းပြီး Vitamin C ကြွယ်ဝသော သစ်သီးများ (ဥပမာ - လိမ္မော်၊ သံပုရာ၊ ကမ္ဗလာ)၊အစိမ်းရောင်ရှိပြီး သံဓာတ်ကြွယ်ဝသောဟင်းသီးဟင်းရွက်များ (ဥပမာ - ကန်စွန်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း)၊ကိုယ်ခံအားမြင့်တက်စေသောနေ့စဥ်ဟင်းချက်ဖွယ်များ (ကြက်သွန်ဖြူ/နီ၊ ဂျင်း၊ နနွင်း) ၊Vitamin E ကြွယ်ဝသော အစေ့အဆန်အမျိုးမျိုး (ဥပမာ - စေ့၊ သီဟိုစေ့၊ သစ်ကြားစေ့) သွပ်ဓာတ် (Zinc) ပါသော အခွံမာပင်လယ်စာများ (ဥပမာ - ပုစွန်၊ ဂဏန်း၊ ဂုံးယောက်)စသဖြင့် သင့်တင့်မျှတအောင် ချက်ပြုတ်ပြီး စားသုံးနိုင်ပါသည်။ ရေဓာတ်ခန်းခြောက်မှု မရှိရလေအောင် ရေများများသောက်ပေးဖို့လည်း လိုအပ်ပါသည်။ #အရက် မသောက်ရပါ။
Answer: နာနတ်သီးအူတိုင်တွင်ပါဝင်သော Bromelain ဓာတ်မှာ နာကျင်ခြင်းနှင့်ရောင်ရမ်းခြင်းကိုသက်သာစေသည်ဟု ယခင်ကတည်းကယူဆထားကြပြီး စျေးကွက်ထဲတွင် ဖြည့်စွက်စာ supplement အနေဖြင့် ရောင်းချနေမှုများရှိပါသည်။ကိုဗစ်တွင်လည်း ရောင်ရမ်းခြင်းဖြစ်စေသောဓာတ်များလျှော့ပါး၍ အဆုတ်ရောင်သက်သာနိုင်သည်ဟုယူဆကာ လေ့လာမှုများပြုလုပ်ကြပါသည်။သို့ရာတွင် ယခုအချိန်ထိ ကိုဗစ်တွင်ကုသနိုင်ကြောင်းအထောက်အထားခိုင်ခိုင်မာမာမရှိသေးပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်းထောက်ခံထားခြင်းမရှိသေးပါ။ကိုယ်ခံအားကောင်းမွန်စေရန် အသီးအနှံ့ များနှင့်အာဟာရပြည့်ဝစွာစားသုံးနေထိုင်ရန်သာ တိုက်တွန်းလိုပါသည်။
Answer: လက္ခဏာပြသည့်ရက် သို့မဟုတ် positive ဖြစ်သည့်ရက်မှစ၍ ရေတွက်လျှင် ၁၀ရက် ကျော်သောအခါ ကူးစက်ခံရသူတွင် ကိုဗစ်ပိုးအရေအတွက်ကျဆင်းလာသည့်အပြင် သူတပါးကိုကူးစက်နိုင်ခြင်းလည်းမရှိတော့ပါ။ ကိုယ်ခံအားကျဆင်း
သည့် တချို့သောလူနာများမှလွဲ၍ လူနာအများစု ကိုပြန်လည်စစ်ဆေးခြင်းမပြုတော့ပါ။ အပျော့စား သို့မဟုတ် အလယ်အလတ်လက္ခဏာများသာခံစားရသူများတွင် နှစ်ပတ်အတွင်း ပြန်ကောင်းလာကြပါသည်။
