
#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (27.7.21)
=================================
ဖြေ။ Delta variant ဆိုသည်မှာ viral mutation ခေါ် ကိုရိုနာ ဗိုင်းရပ်၏ ဗီဇအသွင်သ
ဏ္ဍန်ပြောင်းလဲ၍အိန္ဒိယ နိုင်ငံတွင် စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပါသည်။Delta variant ကူးစက်ခံရခြင်း၏လက္ခဏာမှာ ကိုဗစ် ၁၉ တခြားမျိုးကွဲများနှင့် #ကွာခြားမှုမရှိလှပါ။ False negative ရောဂါရှိလျက်နှင့် negative ပြနိုင်သည်ဟု ယူဆကြသော်လည်း အိန္ဒိယ နိုင်ငံတွင်စစ်ဆေးချက်များအရ RT-PCR ဖြင့်စစ်ဆေးရာတွင် false negative အရေအတွက်မှာ #အလွန်နည်းပါး၍ လက်ရှိစစ်ဆေးနေသော RT PCR နှင့် rapid antigen test kit များဖြင့်ပင် #ဆက်လက်စစ်ဆေးနိုင်သည်ဟုဆိုပါသည်။ WHO အပါအဝင် အမေရိကန် FDA, CDC တို့မှလည်း rapid antigen test kit ဖြင့်စစ်ဆေးခြင်းကို တားမြစ်ထားခြင်းမရှိပါ။ထို့ကြောင့် Rapid Antigen test kit ဖြင့်စစ်ဆေးနိုင်ပါသည်ဟုဖြေကြားလိုပါသည်။လက္ခဏာပေါ်သူများတွင်စစ်ဆေးလျှင် false negative အဖြေမှားမှု ပို၍ နည်းပါးနိုင်ပါသည်။
ဖြေ။ ကိုဗစ် ၁၉ ကူးစက်ခံရပြီးနောက် ထွက်လာသော antibody ကြောင့် နောက်ထပ်ကူးစက်မှု မဖြစ်စေရန် #သုံးလမှခြောက်လအထိကာကွယ်နိုင်သည်ဟုဆိုကြပါသည်။သို့ရာတွင် သုတေသနများဆက်လက်လုပ်ဆောင်လျက်ရှိပြီး antibody သည် လူနာထံတွင် အချိန်ဘယ်လောက်ကြာအောင်နေသည်၊ မည်သည့်ပမာဏဆိုရင် ရောဂါကူးစက်မှုကိုကာကွယ်နိုင်သည်၊နောက်တစ်ကြိမ်ကူးစက်ခံရလျှင်မည်မျှအထိအကျိုးသက်ရောက်စေသည် စသဖြင့် ဘုံသဘောတူညီချက် မရှိသေးသဖြင့် သုတေသနပြုမှုများ လုပ်ဆောင်နေဆဲပင်ဖြစ်ပါသည်။ ပညာရှင်များအဆိုအရ ကိုဗစ်ဖြစ်ပြီး ဝေဒနာများမှ သက်သာလာပြီးနောက် isolation #သီးသန့်နေထိုင်ချိန်ပြီးဆုံးချိန်တွင် ကာကွယ်ဆေးထိုးသင့်သည်ဟုဆိုကြပါသည်။ကာကွယ်ဆေးထိုးခြင်းဖြင့်နဂိုရောဂါကာကွယ်နိုင်စွမ်းပါ မြင့်တက်လာ
သည့်အပြင် ကူးစက်ခံရပါကလည်းရောဂါပြင်းထန်၍ ဆေးရုံတက်ရခြင်းကိုလျှော့ပါးစေသည်ဟုဆိုပါသည်။ Convalescent plasma ခေါ် သွေးရည်ကြည်ဖြင့် ကုသမှု ခံယူပြီးသူများ သို့မဟုတ် monoclonal antibody ခေါ် Tocilizumab ဆေးဝါးဖြင့်ကုသမှုခံယူထားသူများမှာ မူ ကာကွယ်ဆေးထိုးရန် #ရက်ပေါင်း၉၀စောင့်ရပါမည်။
ဖြေ။ Positive ထွက်သူများ၏ အနီးကပ်ထိတွေ့သူ အတူနေထိုင်သူများအနေဖြင့် ပဏာမ စစ်ဆေးမှုတွင် negative အဖြေပြသော်လည်း #၁၄ရက် သီးခြားနေထိုင်သင့်ပါသည်။ ရောဂါလက္ခဏာများမှာ ၁၄ရက်ကြာသည်အထိ ပေါ်ပေါက်နိုင်သောကြောင့်ဖြစ်ပါသည်။ ၁၄ရက်အတွင်း လက္ခဏာပြပါက ထပ်မံစစ်ဆေးနိုင်ပြီး ပိုးတွေ့ပါက positive လူနာကဲ့သို့ ကုသမှုခံယူရပါမည်။
ဖြေ။ လက်ရှိစျေးကွက်ထဲတွင် ရှိနေသော antibody test kit များမှာ #IgGနှင့်IgM ကိုစစ်ဆေးနိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။သွေးနမူနာယူ၍ စစ်ဆေးရခြင်းကြောင့် serology test ဟုခေါ်ပါသည်။ကိုဗစ် ၁၉ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်မှ တုန့်ပြန်သည့်အနေဖြင့်ဖြင့်ထွက်လာသော antibody ကိုစစ်ဆေးခြင်းဖြစ်ပါသည်။
ကိုဗစ် ၁၉ ပိုးဝင်ရောက်ချိန် တွင် လူ့ခန္ဓာကိုယ်မှ antibody ခေါ် တုံ့ပြန်ပစ္စည်းဖြင့် ပြန်လည်တိုက်ခိုက်ရာတွင် ဦးစွာ IgM ထုတ်ခြင်းကိုလုပ်ဆောင်ပြီး ထိုမှတဆင့် IgA နှင့် IgG အဖြစ်သို့ အုပ်စုပြောင်းသွား ( Class switching) ပါသည်။ IgA ကိုမူ #အသက်ရှူလမ်းကြောင်းနှင့်အစာချေလမ်းကြောင်း ( mucosal lining)တလျှောက်တွင်တွေ့ရပြီး ကိုဗစ်လူနာများတွင်သုတေသန ကောင်းကောင်းလုပ်ထားခြင်းမရှိသေးပါ။ ကိုဗစ်အားပြန်လည်တိုက်ခိုက်ရာတွင် နေရာတစ်နေရာမှပါဝင်သည်ဟုဆိုပါသည်။ ရောဂါလက္ခဏာစတင်ချိန်မှစ၍ အကြမ်းအားဖြင့် #၅ရက်ခန့်အကြာတွင် IgM အား သွေးထဲတွင်တွေ့နိုင်ပြီး ၁၀ရက်မှ ၁၄ရက်ခန့်အကြာတွင်မူ IgG ကိုစမ်းသပ်တွေ့နိုင်ပါသည်။ IgM အား
သွေးထဲတွင်မည်မျှ ကြာသည်အထိရှိမည်ကိုသေချာမသိသော်လည်း IgG မှာမူ
#နှစ်လမှသုံးလအထိ တွေ့နိုင်သေးသည်ဟုဆိုပါသည်။လတ်တလော ကိုဗစ်ရောဂါ ရှာဖွေမှုအတွက်အသုံးပြု၍မရသော်လည်း သုတသနပြုရန် ရည်ရွယ်ချက် သို့မဟုတ် ကိုဗစ်ဖြစ်ပွားမှု များသောနေရာများတွင် ကိုဗစ်စစ်ဆေးမှု အလွယ်တကူမပြုလုပ်နိုင်သည့်အခြေအနေမျိုးတွင် #အထောက်အကူပြုရန်သုံးနိုင်ပါသည်။ ကိုဗစ်မဟုတ်ဘဲ ကိုရိုနာမျိုးနွယ်ဝင် တခြားအအေးမိ ဗိုင်းရပ်ဝင်ဖူးခြင်းမျိုးတွင် positive ဟု မှားယွင်း၍အဖြေထွက်ခြင်းမျိုးလည်း ရှိတတ်ပါသည်။ ကာကွယ်ဆေး ထိုးထားပြီးသူများတွင် antibody test စစ်ဆေးခြင်းကိုမလုပ်သင့်ပါ။
ဖြေ။ Positive ဖြစ်ပြီးနောက်ကိုဗစ် ပြန်လည်ကူးစက်နိုင်သောဖြစ်စဥ်
မှာ ရှားပါးသော်လည်း #ပြန်ဖြစ်နိုင်သည်ဟုဆိုပါသည်။ တစ်ချို့မှာ ပထမအကြိမ်ကူးစက်ခံရပြီးနောက် သုံးလ မှခြောက်လအတွင်း ထပ်မံမကူးစက်ပါဟုဆိုကြပါသည်။ သွေးခဲစေသော ဓာတ်ပစ္စည်းများကိုစစ်ဆေးမှုများအနက် D Dimer ဟုခေါ်သောပစ္စည်းမှာ ကိုဗစ်ဖြစ်ပြီး နှစ်လကျော်ကြာသည်အထိ သွေးထဲတွင်မြင့်တက်နိုင်ကြောင်းတွေ့ရှိထားပြီး ဘာကြောင့်ဖြစ်ရသည်ကို သုတေသနများဆက်လုပ်နေဆဲ အခြေအနေတွင်ရှိနေပါသည်။ Positive ဖြစ်သော်လည်း အနုစားမှအသင့်အတင့်လက္ခဏာများရှိသူများတွင်နှလုံးရောဂါ၊လေဖြတ်ရောဂါ၊နဂိုကတည်းက ရောဂါအတွက် သွေးကျဲဆေးသောက်နေရသူ၊ မလှုပ်ရှားနိုင်၍ အိပ်ယာထဲလဲနေပြီး သွေးခဲနိုင်ချေရှိသူ မဟုတ်ပါက D dimer အပါအဝင် တခြားသွေးခဲမှုနှင့်ဆိုင်သော အရာများစစ်ဆေးခြင်း ( prothrombin time, platelet count, fibrinogen) ဖြင့်ပိုကောင်းမွန်သည်ဆိုသော #အထောက်အထားမရှိသေးပါဟုဆိုပါသည်။ပြင်းထန်ကိုဗစ်ဖြစ်၍ ဆေးရုံတက်ကုသမှု ခံယူရသောသူများတွင်မူအထက်ပါစစ်ဆေးမှုများပြုလုပ်ရသည့်အပြင် သွေးခဲ ကာကွယ်ဆေးကိုဆေးရုံတက်နေစဥ် အသုံးပြုရပါသည်။လူနာတွင်ရောဂါအခံရှိပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပြီး လိုအပ်သောစစ်ဆေးမှုများလုပ်ဆောင်သင့်ပါသည်။
အနံလဲမပျောက်ပါဘူး အရသာလည်း ကောင်းကောင်းရပါတယ်
ချောင်းလဲ မဆိုးပါဘူး လည်ချောင်းလဲ မနာပါဘူး
စစ်ကြည့်တာ အနီး အမှတ် နှစ်ကြောင်းပေါ်နေပါတယ်ဆရာ
စစ်တာ နည်းမမှန်လို့များလား
Positive ဖြစ်တာလား
ဖြေပေးစေချင်ပါတယ်"
ဖြေ။ မေးခွန်းပြည့်စုံဖို့လိုကြောင်းအရင်ဆုံးပြောပါရစေ။ ကိုဗစ်စစ်သည်ဟုဆိုရာတွင် Rapid antigen test ( နှာခေါင်းတို့ဖက်ယူရ) စစ်တာလား။ သို့တည်းမဟုတ် antibody test (သွေးနမူနာယူရ) စစ်တာလား သိလိုပါသည်။ ကိုဗစ်ရှိမရှိ စစ်ဆေးရာတွင် PCR နည်းဖြင့်စစ်ဆေးခြင်း( နှာခေါင်းနှင့် အာခေါင်တို့ဖတ်ယူရ) နှင့် Rapid antigen test kit နှင့်စစ်ဆေးခြင်းတို့ဖြင့်သာ စစ်ဆေးရပါမည်။ Antibody test မှာ လတ်တလော ကိုဗစ်ကူးစက်ခံရမှုရှိ မရှိ ရောဂါနာမည်တပ်ရာတွင်အသုံးမဝင်ပါ။ Rapid antigen test kit ဖြင့်စစ်ဆေးပုံကို https://m.youtube.com/watch?v=1-eGUzj0EsA
တွင် ကြည့်ရှုနိုင်ပါသည်ခင်ဗျ။
