
=================================

ဖြေ။ ပုံမှန်အားဖြင့် သွေးတွင်းအောက်ဆီဂျင် ကျဆင်းလာသည့်အခါ အောက်ပါ လက္ခဏာများ ခံစားရလေ့ရှိပါတယ်။ အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ကနာမငြိမ်ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ၏
#ထူးခြားသောလက္ခဏာတစ်ခုမှာ သွေးတွင်းအောက်ဆီဂျင်ကျဆင်းနေသော်လည်း လက္ခဏာတစ်စုံတစ်ရာ မပြသခြင်း ဖြစ်ပါတယ် (
#Silent_Hypoxia)။ ထို့ကြောင့် အောက်ဆီဂျင်လျော့နည်းနေခြင်းကို အချိန်လွန်မှ သတိထားမိခြင်း ဖြစ်တတ်ပါတယ်။

ဖြေ။ အဖျားမရှိတာ ၁၄ ရက်ကျော်ပါက အခြားသူဆီ မကူးစက်နိုင်တော့ပါ။ အနံ့ပြန်ရရန်မှာ အများစုတွင် ရက်အနည်းငယ်ကြာတတ်သော်လည်း အချို့သူများတွင် လအနည်းငယ်အထိ ကြာမြင့်တတ်ပါတယ်။

ဖြေ။ ကိုဗစ်-၁၉ ရောဂါတွင် အရသာအာရုံ ခံစားသော အာရုံခံနဗ်ကြောလေးများအား ထိခိုက်စေတတ်သဖြင့် အရသာ ခံစားမှု ပြောင်းလဲခြင်း၊ ပျောက်ဆုံးခြင်းများ ခံစားရနိုင်ပါတယ်။ အများအားဖြင့် ရက်အနည်းငယ်အကြာတွင် ပြန်လည်သက်သာနိုင်ပါတယ်။

ဖြေ။ အနံ့ပျောက်ခြင်းနှင့် အိပ်မရဖြစ်ခြင်းမှာ
#တိုက်ရိုက်မသက်ဆိုင်ပါ။ သို့ရာတွင် နှာခေါင်းအတွင်းပိုင်း ရောင်ယမ်း၍ ပိတ်ခြင်းကြောင့် ဖြစ်သော အနံ့ပျောက်ခြင်းတွင် အသက်ရှူရခက်ကာ အိပ်မရခြင်း၊ လန့်နိုးခြင်းတို့ ဖြစ်နိုင်ပါတယ်။
DAY.1-2-3-4 မူရာမာယာများပါတယ်။ ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ပါတယ်။ DAY.5-6-7***** အရေးကြီး သတိထားပါ။ DAY.8-9 အနည်းငယ်သက်သာ။ DAY 10-11-12***** သတိထားပါ။ DAY 13-14-15 သက်သာလာ။ DAY 16 ပို၍ သက်သာ။ DAY.17-18-19***** သတိထားပါ။နှလုံးရပ်နိုင်။
DAY 20-21 သက်သာနေလျှင်ကောင်းပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ၊ရောဂါခံရှိသူများသက်သာချိန် ကွာပါသေးသည်။ 1-3 လ အထိ ဂရုစိုက်ပါ။DAY.1မှစမပေါ့ပါနဲ့။ (credit) ဒါလည်း သူများဆီကယူလာတာပါ။ မူရင်းရေးသူမသိရပါဘူး။ နေကောင်းပြီဆိုပြီး ကိုယ်တိုင်ထ ထွက် ကားမောင်း အောက်ဆီဂျင်လိုက်ပို့ ဆေးပို့ လိုတာလိုက်လုပ်ရင်း ပြန်မောလာ ကျောအောင့်လာသူတွေကို ရည်ညွှန်းပါတယ်။ ကိုယ့်လူတွေက ခေါင်းကြောတင်မာတာမဟုတ်ဘူး။ စိတ်တွေကလည်းမာတော့ အဖျားကျ သက်သာတာနဲ့ငြိမ်မနေတတ်ကြတော့ စိတ်ပူလို့ပါ"

ဖြေ။ မေးခွန်းတွင် ဖော်ပြထားသကဲ့သို့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ လေ့လာတွေ့ရှိချက်များအရ ပိုးကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေပြပြီး ပထမတစ်ပတ်ကျော်လွန်ပါက တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်။ ၁၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေကတော့ ရောဂါလက္ခဏာပြပြီး (၅ ရက်မှ ၈ ရက်ကြား) ဒုတိယအပတ်မှ စပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပြီး သွေးတွင်း အောက်ဆီဂျင် SPO2 92% အောက်ကို ကျလာလေ့ရှိကာ ကုသမှုခံယူရလေ့ရှိပါတယ်။ ကျန်တဲ့ ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများခံစားရလေ့ရှိပြီး အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။ ရောဂါမှ သက်သာကောင်းမွန်လာသူအချို့တွင်လည်း ကိုဗစ်၏ နောက်ဆက်တွဲ ဝေဒနာများ ခံစားရနိုင်သော်လည်း မေးခွန်းတွင် ဖော်ပြထားသကဲ့သို့မျိုး မဖြစ်နိုင်ပါ။

ဖြေ။ ခန္ဓာကိုယ်၏ အဓိက အင်္ဂါအစိတ်အပိုင်းများ ဖြစ်သည့် ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် စသည်တို့ ပျက်စီးသွားပြီး အလုပ်မလုပ်နိုင်တော့သည့်အခါ သေဆုံးခြင်း ဖြစ်ပါတယ်။

ဖြေ။ အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်းတို့အပြင် နှာခေါင်းထဲတွင် အသားပိုများဖြစ်ခြင်း၊ နှာခေါင်းနှင့် အနံ့ခံအာရုံကြောများ ထိခိုက်ဒဏ်ရာရခြင်း တို့တွင်လည်း အနံ့ပျောက်ခြင်း ဖြစ်တတ်ပါတယ်။
- သို့သော် ယခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များနေသောအချိန်၌
#အနံ့ပျောက်ခြင်း လက္ခဏာခံစားရပါက ကိုဗစ်ရောဂါသံသယဖြင့် အထူးဂရုပြုနေထိုင်ကြရမှာ ဖြစ်ပါတယ်။

ဖြေ။ မေးခွန်း (5) တွင် ဖြေထားပြီး ဖြစ်ပါတယ်။ တခါတရံ အကြောက်လွန်ခြင်းဟာ စိုးရိမ်စိတ်လွန်ကဲခြင်းကို ဖြစ်စေပြီး ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် Facebook ပေါ်က ခိုင်လုံမှုမရှိတဲ့ သတင်းတိုင်းကို မယုံကြည်သင့်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကဲ့သို့ ခိုင်မာမှုရှိသော သတင်းရင်းမြစ်များက ဖော်ပြတဲ့ ကိုဗစ်-၁၉ နှင့် ပတ်သက်တဲ့ သတင်းကြေညာချက်များကိုသာ အာရုံစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဖြေ။ အများအားဖြင့် ရောဂါပိုးဝင်ရောက်ပြီး ၂ ရက်မှ ၁၄ ရက်အတွင်း လက္ခဏာပြလေ့ရှိပါတယ်။ တခါတရံတွင် ရောဂါပိုးကူးစက်ခံရသော်လည်း လက္ခဏာလုံးဝမပြသခြင်းများလည်း ရှိနိုင်ပါတယ်။ လေ့လာမှုများအရ ကူးစက်ခံရသူ ၅ ဦးအနက် ၁ ဦးမှာ ရောဂါလက္ခဏာမပြခြင်းများရှိကြောင်း တွေ့ရပါတယ်။ သို့သော် လက္ခဏာမပြသူများ မှတဆင့်လည်း အခြားသူများကို ရောဂါကူးစက်စေနိုင်သဖြင့် မက်စ်တပ်ခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

ဖြေ။ ချောင်းဆိုးခြင်း လက္ခဏာ မသက်သာသေးသဖြင့် ပျောက်ပြီဟု မဆိုနိုင်သေးပါ။ ရောဂါလက္ခဏာပြသူတွင် စတင်ခံစားရချိန်မှ အနည်းဆုံး ၁၀ ရက်အပြင်
#ရောဂါလက္ခဏာများသက်သာခြင်း၊ အဖျားမရှိခြင်း (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ ရောဂါသက်သာပျောက်ကင်းပြီဟု ဆိုနိုင်ပါမည်။