ကလေးများအတွက် အရေးပေါ် ဆေးသေတ္တာ


 

ဒီကာလအတွင်း

ည ၈ နာရီ နောက်ပိုင်း မထွက်ရတဲ့ အချိန် ကလေးအရေးပေါ်ဖြစ်လာရင် စိတ်ပူနေရမယ့် မေမေတို့အတွက်

ကလေးတွေ အတွက် emergency ဆေး သေတ္တာလေးတခု ဆောငိထားစေချင်တယ် ။
ကိုယ်လည်း ဆောင်ထားတယ် ။

အသင့်တင့်ထည့်နိုင်တဲ့ ပလပ်စတစ်ဘူး တစ်ဘူးထဲမှာ ထည့်ဖို့ဆေးတွေက


🛑၁ ။ ညအချိန်မတော် ဖျားနာခဲ့ ရင် တိုက်ဖို့

paracetamol 250 mg/ml အရည် တဘူး

paracetamol 100mg/ml အရည် (တနှစ်အောက်ကလေးများအတွက် )

Biogesic အခဲ တကဒ် ဆောင်ထားပါ ။

ဆေးကို 15 mg/kg နဲ့တိုက်ပါ ။ရေပါတ်တိုက်လို့ရပါတယ် ။


🛑၂။ ည အချိန်မတော် အန်ခဲ့ရင် တိုက်ဖို့

-Domperidome syrup အရည် 5mg/5ml ပါတာ
-Domperidome တစ်ကဒ် ဆောင်ပါ
-Pharolit ဓါတ်ဆားထုတ် ( ၅ ) ထုတ် ထည့်ထားပါ

အန်ခဲ့ရင် 0.3 mg/kg တိုက်ပါ ။
ဥပမာ - 10 kg ကလေးဆိုရင် 3mg / 3 ml တိုက်ပါ ။
Ps - အအန်ပျောက်ဆေးတိုက်ပြီး နာရီဝက်ထိ ဘာဆေး ဘာအစာ အရည်မတိုက်ရ

ဓါတ်ဆားကို ဖျော်
Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။
BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။

နည်းနည်း ခနခန ဝင်အောင်တိုက်ပါ ။


🛑၃။ ည အချိန်မတော် ဗိုက်အောင့် ဗိုက်နာ ခဲ့ရင်

-colimix တစ်ဘူး (၁နှစ် အထက်)
-colicaid တစ်ဘူး ( တနှစ်အောက်ကလေးရှိသူ )
-kremil -S (၁) ကဒ်

colicaid ရှိလျှင်
6 လ အောက် ၅ စက်မှ ၁၀ စက်
၆ လအထက် ၁၀ စက်မှ ၁၅ စက်

colimix ရှိလျှင်

၆ လအထက် ၂.၅ ml
တနှစ် အထက် ၅ ml

က​လေးကြီးများ ရုတ်တရက် ဗိုက်နာခဲ့သော်
Kremil -S တလုံး တိုက်ပါ ။

ဆေးများကို အစာမစားခင် ၁၅ မိနစ် ကြိုတိုက်ပါ

တနေ့ (၄) ကြိမ်ထက်ပိုမတိုက်ရ ။


🛑၄ ။ ညအချိန်မတော် ဝမ်းလျှောခဲ့သော် တိုက်ရန်

-BPI ဓါတ်ဆား (၂) ထုတ်
-pharolit ( အပေါ်က ပါပြီးသားမို့ ထပ်မထည့်ပါနဲ့ )
-zinc syrup တစ်ဘူး
-Bioflor ( 5 ) ထုတ် ထည့်ထားပါ ။

ဓါတ်ဆားကို ဖျော်
Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။
- BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။
- ဝမ်းသွားသလောက် ၅၀-၁၀၀ စီစီ တိုက်ပါ။

zinc syrup
၁ နှစ်အောက် 2.5 ml မနက် ၁ ည ၁
၁ နှစ်အထက် ၅ ml မနက် ၁ ည ၁

Bioflor တစ်ထုတ် ဖျော်တိုက်ပါ။

🛑နှာစီး ၊ ချောင်းဆိုးခဲ့သော် တိုက်ရန်
- baby cough သို့ flemex kid , သို့ attusin တစ်ဘူး ဆောင်ရန်
- Cetrizine တစ်ဘူး
- cetrizine တစ်ကဒ်
- Chlopheniramine syrup ( ၂ နှစ်အောက် ကလေးရှိပါက ) ဘူးထဲထည့်ထားပါ ။

တနှစ်အောက် ချောင်းဆိုးပျောက်ဆေး baby cough ကို
2.5 ml တနေ့ ၃ ကြိမ်

တနှစ် အထက် တခြားချောင်းဆိုးအရည် ၅ ml တနေ့ ၃ ကြိမ် တိုက်ပါ

နှာစီး ပါက
✅chlopheniramine syrup (၂ နှစ် အောက် )
-၁ နှစ် အောက် ၂.၅ ml မနက် ၁ ည၁
-၁ နှစ် အထက် ၅ ml မနက် ၁ ည၁

✅cetrizine (၀.3mg/kg ) တိုက်ရန်
၂ နှစ် အထက် 2.5 ml မနက် ၁ ည ၁
5 နှစ် အထက် ၅ ml မနက် ၁ ည၁

ကလေးကြီး တလုံး တိုက်ရပါတယ် ။

✅ပန်းနာသမား ကလေးများအတွက်

Ventolin အပြာဘူးဆောင်ထားပါ။
ရင်ကြပ် ၆ ချက် ရှူပါ။ မိနစ် ၂၀ ခြားထပ်ထပ်ရှူပါ။
ဒီလိုကလေး pulse oxymeter ခေါ် သွေးတွင်းoxygen စက်ဆောင်ထားပါ ။

🛑ည အင်ပြင်ထ ဓါတ်မတည့်တာ ဖြစ်ရင်

- calamine တစ်ဘူး ပုံးထဲထည့်ထားပါ

နှာစီး ဖို့သောက်တဲ့ cetrizine ကို အဲ့ဒီ ပြထားတဲ့ ပမာဏ အတိုင်းတိုက်ပါ ။

🛑 emergency ပုံးထဲတွင် ထပ်ထည့်ရန်
ထိခိုက်မိပါက သုံးရန်
- ပလပ်စတာ
- Betadine အရည် (၁)
- ပါတ်တီး (၁)
- bioplacenta တစ်ဘူး
- အရက်ပြန် (၁)

ထိခိုက်မိပါက ရေဆေးပြီး ဘီတာဒင်းလိမ်း အပေါ်မှာ bioplacenta လိမ်းပါ ။

မီးလောင် ဒါဏ်ရာပါ လိမ်းလို့ရပါတယ် ။

နောက်ထပ် ထည့်ရမှာက
အဖျားတိုင်းတဲ့ စက်
ကတ်ကြေးအသေး

🛑အရေးပေါ် Emergency ဘူးသာ ဖြစ်ပြီး
မသက်သာပါက ဆေးရုံ၊ ဆေးခန်းပြရန်ပါ ။

ကလေးများ ကျန်းမာကြပါစေ ။

မေတ္တာဖြင့်
ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၂၉.၃.၂၀၂၀

(စေတနာဖြင့် ဒေါက်တာခိုင်ဝါဖေ့ဘွတ်ပေ့မှ ပြန်လည်ကူးယူဖော်ပြပါသည်။)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.