
ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်း (၁)
(၁) ဆီးချိုရောဂါရှိပြီး ကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ????
1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ - တရုတ်ပန်းကန်လုံး ၂-၃ လုံး စားပါ (သွေးချိုပေါ်မူတည် ၍ အလျှော့အတင်း ရှိနိုင်သည်)
2. အသား (အရေခွံမပါ) - ၅-၁၀ ကျပ်သားစားပါ
3. ကြက်ဥ အကာ ၃-၄ လုံး
4. ပဲ - ခွက် တဝက် လောက် စားပါ
5. အရွက် - စားနိုင်သလောက် စားပါ
6. အသီး (နာနတ်သီး၊ ဖရဲသီး၊ သရက်သီး၊ ဒူးရင်းသီး ကလွဲရင်) - ဆီးချို ပုံမှန်ထဲ ရှိပါက ခွက် တဝက် ကနေ တစ်လုံး အထိ စားနိုင်သည်။ (အစာကြီး နှင့် ခြားစားပါ)
7. နို့ - အဆီထုတ်ထားတဲ့ နို့ (low fat milk) (သို့မဟုတ်) အာဟာရမှုန့် (Glucerna, Gen-DM, Diabetasol, Glucomeal) စတာတွေ ကို အညွှန်းအတိုင်းဖျော်ပါ။ အစာကြီး နဲ့ ခြား သောက်ပါ။ အကယ်၍ လူနာ အဖတ်မစားနိုင်ရင် ဒါတွေကို အဖတ်အစား အရည် အနေနဲ့ တိုက်နိုင်သည်။ ကိုယ့်သဘော နဲ့ ကိုယ် အပျစ်ဖျော်တာ အကျဲ ဖျော်တာ မလုပ်သင့်ပါ။ တနေ့ ၁-၂ ခွက် သောက်ပါ။ အရေးကြီးတာ က ထမင်းတွေ အချိုတွေ အများကြီး စားပြီး ဒါတွေ ပါ ထပ်စားရင်တော့ ဆီးချို တွေ ပိုတက်နိုင်ပါတယ်။
8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။ (Sunlife multivitamin, nutrivita, revital, becozinc, well woman, well man, Supradyn)မရှိလို့ ဆိုပြီး အိမ်မှာ မနေပဲ ဆေးဆိုင်မှာ ကြိတ်ကြိတ်တိုး သွားဝယ်နေတာတော့ အဆင်မပြေပါ။ မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။
မှတ်ချက်- vitamin C,D သောက်ရမလား ???? - ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။ ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။ ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။
အာဟာရမှုန့် နာမည် နှင့် အားဆေးနာမည် တွေ ရေးပေးထားခြင်းမှာ တစ်ဦးချင်းလာမေးလွန်း ပြန်မဖြေနိုင်တော့ ၍ ထည့်ပေးထားဖြင်းသာဖြစ်သည်။
ကုန်ပစ္စည်း ကြေညာပေးခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။
အာဟာပြည့်အောင် စားကြပါ
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
